Part 13

7.9K 803 8
                                    

မြလင်းသာ ကိုးကိုဆွဲပြီး သူ့အခန်း‌ထဲခေါ်လာသည်။ကိုးက မြလင်းသာကုတင်ပေါ်ထိုင်လေသည်။မြလင်းသာ ဆေးသေတ္တာလေးကို ထုတ်ပြီး ကိုးရဲ့ဒဏ်ရာတွေကို ကြည့်သည်။ ကိုးရဲ့ဒဏ်ရာတွေကို မြင်ရရုံနှင့် မြလင်းသာ မျက်မှောင်ကြုတ်သွားသည်။ ကိုး မျက်နှာလေးကတော့ ပြုံးနေသည်။

"ပြုံးမနေနဲ့ ကိုယ်ကတော့ မကျေနပ်ဘူး ဒါသက်သက် ကိုးကို အနိုင်ကျင့်တာ ယုတ်မာလိုက်တာ အားကစားသမားတစ်ယောက်အတွက် ခန္ဓာကိုယ်က အရေးအကြီးဆုံးဆိုတာ သိကြသားနဲ့"

ကိုး မြလင်းသာက မျက်မှောင်ကြီးကြုတ်ပြီးဗျစ်တောက်ဗျစ်တောက်ပြောနေတာကို ကြည့်ကာ ရင်ထဲ ကျေနပ်နေသည်။ကိုး နှုတ်ခမ်းထောင့်တွေကို ကြိုးစားပြီး အောက်ဆွဲချလိုက်သည်။

မြလင်းသာ ကုတင်ပေါ်ထိုင်ကာ ဂွမ်းလေးနှင့် ဆေးတို့ပြီး ကိုးမျက်နှာပေါ်က ဒဏ်ရာတွေကို ခပ်ဖွဖွတို့သည်။ကိုးက စပ်သွားပြီး မျက်မှောင်ကြုတ်သည်။

ကိုး နာသွားတာကြောင့် မြလင်းသာ နှုတ်ခမ်းတွေက စုဝိုင်းလာပြီး ကိုးဒဏ်ရာတွေကို ဖြည်းဖြည်းချင်း လေမှုတ်ပေးသည်။

ဒီအချိန် အခိုက်အတန့်လေးတွင် အရာအားလုံးက နှေးကွေးသွားတယ် ထင်ရသည်။ကိုး မျက်နှာပေါ်မှ ညင်သာသိမ်မွေ့သည့် အထိအတွေ့ကြောင့် အသိစိတ်တွေက ဝေဝါးမိန်းမောသွားသည်။မြလင်းသာရဲ့စုဝိုင်းနေသည့် နှုတ်ခမ်းတစ်စုံက ကိုး မျက်စိရှေ့မှာ။ကိုး အာရုံတွေက မြလင်းသာရဲ့ မနီမညိုနှုတ်ခမ်းတစ်စုံထံမှာသာ ကျရောက်သွားပြီး ကို ရေငတ်လာသလို ခံစားရသည်။‌ကိုး အာရုံထဲ ရေငတ်တာနှင့် ဆင်တူပေမဲ့ အနည်းငယ်ကွဲပြားသည့်ခံစားချက်က တိုးဝင်လာသည်။ဘယ်လို ခေါင်းစဉ်တပ်ရမှန်းမသိသည့် ပြောမပြတတ်သော ခံစားချက်ကြောင့်က ကိုး နှလုံးသားကို ဖျစ်ညှစ်ထားသည်။ နှလုံးသားတွင် သေးငယ်လွန်းသည့် ဆူးညှောင့်လေး စိုက်ဝင်နေသည်။စိုက်ဝင်နေမှန်း သိသည်။သို့သော် ဆူးစိုက်ဝင်နေသည့် နေရာလေးကို သွားသွားထိပြီး နာကျင်သွားသည့် ခံစားချက်ကို သဘောကျနေသလိုမျိုး။ကိုး ခံစားချက်တွေ ရှုပ်ထွေးနေပေမဲ့ သဘောကျသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now