Part 15

8.1K 795 38
                                    

နေရောင်နုနုက တိမ်တိုက်ကြားမှ ထိုးထွက်လာသည်။နာရီနိုးစက်သံ မမြည်သေး။‌အရာအားလုံးက တိတ်ဆိတ်နေသေးသည်။

ကိုး အဆောင်ခန်းထဲက လူတွေကို ကြည့်လိုက်သည်။အားလုံးက အိပ်ပျော်နေသည်။ကိုး ထကာ ဖိနပ်လေးယူသည်။ အသံမထွက်အောင် ခြေဖွလျှောက်ကာ အဆောင်ရှေ့ထွက်ခဲ့သည်။အဆောင်ရှေ့တွင် မြလင်းသာက ကိုးကိုစောင့်နေသည်။ကိုးကို မြင်တော့ မြလင်းသာ နှုတ်ခမ်းထောင့်လေးတွေက ကော့တက်သွားသည်။ကိုးလည်း ပြုံးကာ မြလင်းသာဘေးကို အမြန်ပြေးလာသည်။

"ကိုး ပုံမှန်လေးပဲ ပြေးရအောင်"

ကိုး နားလည်ကြောင်း ခေါင်းညိတ်သည်။မြလင်းသာက ဘောင်းဘီတိုဝတ်ထားပြီး ဂျာစီအင်္ကျီလေးဝတ်ထားသည်။ဝါဝါဝင်းဝင်းအသားအရည်က ဂျာစီအနက်ရောင်လေးနှင့် လိုက်ဖက်နေပြီး ရှင်းရှင်းသန့်သန့်မျက်မှာလေးက ကြည်လင်ဝင်းဖန့်နေသည်။ကိုး မနက်စောစောတွင် မြလင်းသာမျက်နှာလေးကို မြင်လိုက်ရတာကြောင့် ရင်ထဲအေးမြသွားသည်။

မြလင်းသာနှင့်ကိုး အားကစားကွင်းထဲမှ အပြင်သို့ ဖြည်းဖြည်းချင်းပြေးလာကြသည်။တံမြက်စည်းလှည်းကုလားများက လမ်းမများကို လှည်းကျင်းနေသည်။ကားများလည်း မရှိသေး။ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ကလေးများကို တွေ့ရသည်။မန်ကျည်းပင်ရိပ်များမှာ လမ်းတစ်လျှောက်ကို အေးမြစေသည်။သူတို့နှစ်ယောက် ပုံမှန်အတိုင်းပြေးလာခဲ့သည်။မြလင်းသာရဲ့နဖူးတွင် ချွေးစက်ကလေးတွေ တွဲခိုလာပြီး ကြည်လင်သန့်စင်သည့်အသားအရည်လေးက စိုစွတ်သွားသည်။ကိုးကတော့ ချွေးစို့ရုံမျှ။

"မြလင်း မောနေပြီလား"

ကိုး ပြေးရင်းမေးသည်။မြလင်းသာ ခေါင်းယမ်းကာ ဆက်ပြေးသည်။နေရောင်နွေးနွေးက ပတ်ဝန်းကျင်ကို ပူနွေးလာစေသည်။မြလင်းသာတစ်ကိုယ်လုံး ချွေးတွေ နှစ်နေပြီ။သို့သော် မရပ်ဘဲ ဆက်ပြေးလာကြသည်။

နှစ်နာရီကြာ‌ပြေးပြီးတော့ အဝေးမှ သိင်္ဂုတ္တရ ကုန်းတော်ပေါ်မှ ရွှေတိဂုံဘုရားကို လှမ်းမြင်ရသည်။မြလင်းသာမျက်လုံးလေးတွေက လင်းလက်သွားပြီး ခြေလှမ်းတွေက ပိုပြီးသွက်လက်လာသည်။မြလင်းသာတို့ ပြေးခဲ့ကြပြီး တောင်ဘက်မုခ်ရှေ့တွင် ရပ်လိုက်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now