Part 11

8.2K 792 49
                                    

‌ဆူညံလွန်းသည့် နာရီနှိုးစက်သံက အဆောင်ခန်းထဲမရှိ လူအားလုံးကို လှုပ်နိုးလိုက်သည်။တင်မောင်လွင်တို့က ချက်ချင်းထပြီး အိပ်ယာသိမ်းသည်။အ‌ဆောင်ခန်းလေးက ချက်ချင်း သက်ဝင်လှုပ်ရှားသွားသည်။မျက်နှာကို ခပ်မြန်မြန်သစ်ကြပြီး အားကစားကွင်းထံ ပြေးကြသည်။

ကိုး ထိုင်းမှိုင်းစွာ ထကာ အိပ်ယာကို သိမ်းသည်။ကိုး အာရုံက ခပ်နှောက်နှောက်။ကိုး အဝတ်အစားလဲပြီး အဆောင်ပြင်ထွက်လာတော့ အားလုံးက အားကစားကွင်းထဲ ရောက်နေကြပြီ။ကိုး ခပ်သွက်သွက်လေးပြေးကာ တန်းစီနေသည့်‌လေးယောက်ဘေးတွင် ဝင်ရပ်လိုက်သည်။

နည်းပြကြီးဦး‌ကျော်ခိုင်၊ဦးမြမောင်နှင့် မြလင်းသာတို့ သုံးယောက်က ကိုးတို့ ရှေ့တွင် ရပ်နေသည်။ဦးကျော်ခိုင်က ကိုးကို ကြည့်၍ မျက်မှောင်ကြုံ့လိုက်သည်။ကိုးလည်း ဦးကျော်ခိုင်ကို ထုံပေပေကြည့်သည်။ဦးကျော်ခိုင်က ဝဝဖိုင့်ဖိုင့်လူကြီးဖြစ်ပြီး သူ့ဗိုက်ကအတော့်ကို ရှေ့ထွက်နေသည်။ဦးကျော်ခိုင်က ပထမဆုံးနေ့ ကိုး နောက်ကျတာကို မကြိုက်။ကိုးရဲ့မျက်နှာပေးကလည်း မိုက်တိမိုက်ကန်း။

"ပထမဆုံးနေ့မှာ ငါ ဒီလိုတော့ မပြောချင်ပါဘူး"

"အဲ့တာဆို မပြောနဲ့လေ"

ခင်မောင်က မတိုးမကျယ်ပြောသည်။ဦးကျော်ခိုင် မျက်နှာ ချက်ချင်းမည်းသွားပြီး သူ့အကြည့်က ခင်မောင့်ထံ တည့်တည့်ရောက်လာသည်။

"မင်း ဘာပြောလိုက်သလဲ"

"ဘာမှမပြောပါဘူး ဆရာ"

ဦးကျော်ခိုင် မြလင်းသာကို ကြည့်ကာ ပြောသည်။

"‌မြလင်းသာရေ သူတို့ငါး‌ယောက်ရဲ့အချက်အလက်တွေကို စာရင်းလုပ်ထားလိုက်ဦး ငါ သွားပြီ အသစ်တွေက အချိုးကို မပြေဘူး သေချာသင်ပြထားလိုက်"

"ဟုတ်ကဲ့ပါ ဆရာ"

"မြမောင်က ပြေးမဲ့ပုံစံတွေကို လေ့ကျင့်ပေးလိုက် ဒီကနေ့ မောင်သာကြည်တို့ရောက်မယ်ပြောတယ် သူတို့ကိုလည်း နေရာချပေးလိုက်ပါဦး"

"ကောင်းပါပြီ ဆရာ"

ဦးကျော်ခိုင်က ကိုးတို့ကို မကြည်ကြည့် ကြည့်ပြီး လက်နှစ်ဖက်ကို‌ နောက်ပစ်ကာ အားကစားကွင်းထဲမှ ထွက်သွားသည်။ခင်မောင်က မျက်နှာမဲ့လိုက်ပြီး လက်နှစ်ဖက် နောက်ပစ်ကာ ဦးကျော်ခိုင် ပြောသွားသည့်အတိုင်း တုပကာ ခပ်တိုးတိုးပြောသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now