Part 32

7.3K 699 80
                                    

"မြလင်း အခု တစ်ဆောင်လုံးမှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတယ်"

ကိုး မြလင်းသာ လက်ကလေးဆို ကိုင်ဆွဲပြီး ပြောသည်။ကိုးအကြည့်တွေက ညှို့ယူနိုင်စွမ်းရှိပြီး မြလင်းသာ ရင်တွေ တဒုတ်ဒုတ်ခုန်လာ၏။မြလင်းသာ ကိုးထံမှ အကြည့်လွှဲကာ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။

"ရေအရင် ချိုးရအောင်လေ ကိုးက ညစ်ပတ်နေတာပဲ"

ကိုး ပုတ်သင်ညိုလေးလို ခေါင်းတဆတ်ဆတ် ညိတ်သည်။ကိုး ကုတင်ပေါ်က ချက်ချင်းဆင်းပြီး ချိုင်းထောက်လေးနှင့် ရေကန်ထံ ခပ်မြန်မြန်သွားသည်။မြလင်းသာ ကိုးကို ကြည့်ကာ ရယ်မိသည်။မြလင်းသာလည်း တခြားရေကန်သို့ သွားပြီး ရေချိုးသည်။

ကိုး မုတ်ဆိတ်မွေးတွေ နှုတ်ခမ်းမွေးတွေကို အားလုံးရိတ်သင်လိုက်သည်။ခေါင်းကို သေချာလျှော်ကာ တစ်ကိုယ်လုံးကို ဆပ်ပြာသေချာတိုက်သည်။မြလင်းသာနှင့်အတူ ညကို ဖြတ်သန်းရတော့မည်ဆိုတော့ ကိုး တစ်ကိုယ်လုံးမှ သွေးတွေက ပွက်ပွက်ဆူလာ၏။

ကိုး အဆောင်ထဲ ဝင်လာတော့ မြလင်းသာက မရှိပါချေ။ကိုး ချိုင်းထောက်ကို စားပွဲတွင် ထောင်လိုက်ကာ ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ပြီး ကုတင်‌ဘောင်ကို ကိုင်ကာ အနည်းငယ်ဆွဲယမ်းလိုက်သည်။

ကျွိ ကျွိ!!

ကုတင်က တကျွိကျွိမြည်နေ၏။ကိုး မျက်ခုံးနှစ်ခုက တစ်ခုနှင့်တစ်ခု ထိကပ်တော့မယောင် နီးကပ်လာပြီး ချိုင်းထောက်ကို ယူကာ အပြင်ထွက်သည်။စတိုခန်းထဲမှ သံနှင့်တူကို ယူကာ အဆောင်ထဲပြန်ဝင်သည်။

ကိုး ကုတင်ဘောင်တွေကို သံနှင့် သေသေချာချာ လိုက်ရိုက်သည်။ကိုး နဖူးတွင် ချွေးစက်လေးတွေ တွဲခိုလာ၏။ကိုး တူကို ခင်မောင်ကုတင်ပေါ်တင်ပြီး ကုတင်ဘောင်ကို ကိုင်ကာ ဆွဲယမ်းသည်။ကုတင်က ဘာအသံမှ မထွက်တော့။

ကိုး လေပူတစ်ချက် မှုတ်ထုတ်ပြီး ကုတင်ပေါ်ထိုင်လိုက်သည်။ကုတင်က အနည်းငယ်မာကျောသည်။ကိုး နောက်ထပ်အခင်းတစ်ခုကို ထုတ်ပြီး သပ်သပ်ရပ်ရပ်ခင်းသည်။အဆောင်ကြမ်းခင်းကို တံမြတ်စည်းသေချာလှည်းပြီး လေဝင်လေထွက်ကောင်းအောင် အပေါက်တွေ ဖွင့်ထားသည်။အားလုံးပြီးသွားတော့ ကိုးတစ်ကိုယ်လုံး ချွေးတွေရွှဲနစ်သွားသည်။‌ချိုင်းထောက်နှင့် လိုက်လုပ်ရသည်ကား မလွယ်လှ။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now