Part 24

7.9K 750 73
                                    


တိတ်ဆိတ်မှုနှင့် အမှောင်ထု။

မြလင်းသာ အမှောင်ထုကြီးထဲ နှစ်မြှုပ်နေသလို ခံစားရသည်။အရာအားလုံးက ကြောက်မက်ဖွယ် တိတ်ဆိတ်နေသည်။ဘာကိုမှလည်း မမြင်နိုင်ဘဲ ဘာကိုမှလည်း မကြားရ။အေးစက်မှုတွေက မြလင်းသာ နှလုံးသားကို ထိုးဖောက်နေပြီး အဆုံးမရှိသည့် အမှောင်ထု ချောက်နက်ကြီးထဲတွင် ပျောက်ကွယ်သွားတော့မည်။မြလင်းသာ နှလုံးသားတစ်ခုလုံးက ပြင်းပြင်းထန်ထန်နာကျင်နေပြီး ကိုယ်ကိုယ်တိုင်က မွန်းကြပ်ပိတ်လှောင်နေသည်။ မြလင်းသာ ခြေထောက်ကို အေးစက်လေးလံသည့် လက်တစ်စုံက ဖမ်းဆုပ်ထားပြီး ခြေတစ်လှမ်းမှ လှမ်းလို့မရ။

မြလင်းသာ လက်လှမ်းလိုက်သည်။‌အေးစက်မာကျောသည့် အထိအတွေ့ကို လက်ချောင်းထိပ်မှတဆင့် ခံစားရသည်။မြလင်းသာ ‌ရှေ့တွင် မှန်တစ်ချပ်ရှိ‌နေသည်။အမှောင်ထုက ပိုမိုသိပ်သည်းလာသည်။မြလင်းသာ သေသွားတော့မည်ထင်သည်။

လျှပ်စီးတစ်ချက် လင်းလက်သွားသည်။ခေါင်းရမ်းပန်းပွင့်နီလေးတွေ လှုပ်ယမ်းသွားသည်။ထို့နောက်.....

ခွမ်း!!!

မှန်ကွဲစတွေအလယ်က....ကလေးငယ်ကိုး။

"မြလင်း!!! ကျွန်တော်ရှိတယ်!!"

မြလင်းသာ ရှေ့မှ မှန်ပြင်က ကွဲအက်သွားသည်။ကိုးက မြလင်းသာထံ ပြေးလာနေသည်။ပြေးလာရင်းမှာပင် ကိုး တဖြည်းဖြည်းအရွယ်ရောက်လာသည်။အမှောင်ထုထဲတွင် ကိုးခန္ဓာကိုယ်တစ်ခုထဲသာ နေခြည်လေးလို လင်းလက်တောက်‌ပနေသည်။မြလင်းသာ မြင်ကွင်းတွင် ကိုးကိုသာ ထင်ရှားစွာမြင်ရသည်။ကိုးက ပြေးလာနေရင်းနဲ့မှ ရပ်တန့်လိုက်သည်။မြလင်းသာ နှလုံးသားက တုန်လှုပ်သွားသည်။

'ကိုး ဘာလို့ ရပ်လိုက်သလဲ'

"မြလင်း အတိတ်ဆိုတာ ခင်ဗျားကို တစ်သက်တစ်ကျွန်းပိတ်လှောင်ထားတဲ့ အကျဉ်းထောင်မဟုတ်ဘူး!!!"

ကိုးက မြလင်းသာကို နွေးထွေးစွာကြည့်နေရင်း အော်‌ပြောသည်။ကိုး အသံက မြလင်းသာ နှလုံးသားကို ကိုင်လှုပ်သွားသည်။ကိုး လက်နှစ်ဖက်ကို ဆန့်တန်းကာ ရင်ခွင်ကို ဖွင့်လိုက်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now