Part 16

7.9K 734 18
                                    

မြလင်းသာ အဝတ်တွေကို ခေါက်ပြီး အိတ်ထဲထည့်သည်။ကိုးက အခန်းထဲဝင်လာ၏။မြလင်းသာ ကိုးကို အကြည့်တစ်ချက်ပေးသည်။ကိုးက ကုတင်ဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"ကိုး နှုတ်ခမ်းမွေးတွေ ရှည်နေပြီရော မရိတ်တော့ဘူးလား"

ကိုး မြလင်းသာရဲ့မှန်ကို ယူကြည့်သည်။အခုရက်ပိုင်း အလုပ်များနေတာကြောင့် နှုတ်ခမ်းမွေးမရိတ်ဖြစ်။နှုတ်ခမ်းမွေးတွေက ပုံမှန်ထက်ရှည်နေပြီ။ပါးသိုင်းမွေး အနည်းငယ်ကလည်း မေးရိုးတစ်လျှောက်ထင်ရှားနေသည်။ကိုး ပုံစံက ညှင်းသိုးသိုးနှင့်ကြမ်းတမ်းနေ၏။

"အာ ကျွန်တော်မေ့နေတာ ရိတ်လိုက်ရမလား"

မြလင်းသာ ကိုးမျက်နှာကိုကြည့်သည်။ကိုးက ယောကျာ်းပီသ ခံ့ညားသည့် မျက်နှာပေါက်ဖြစ်လို့ နှုတ်ခမ်းမွေး၊မုတ်ဆိတ်‌မွေးနှင့် ပါးသိုင်းမွေးတွေ ရှိနေတာတောင်မှ ကြည့်ကောင်းနေသည်။ငယ်ဂုဏ်လေးကလည်း ကိုး တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတော့ ကိုးက သိပ်ကို ယောကျာ်းပီသစွာ ချောမောနေသည်။ဒါကလည်း ကိုးဖြစ်နေ၍သာ ကြည့်ကောင်းခြင်း။

"အင်း ကိုး မျက်နှာကျနဲ့လိုက်တော့ မရိတ်လည်း ကြည့်ကောင်းသားပဲ"

"နည်းနည်းတော့ ရိတ်မှ ထင်တယ်"

"ကိုး သဘောလေ ကိုးက နှုတ်ခမ်းမွေးငုတ်စိလောက်ဆို တော်တော်ကြည့်ကောင်းတယ် ပါးသိုင်းမွေးရေးရေး‌နဲ့‌လေ"

ကိုး နှုတ်ခမ်းထောင့်တွေက ကော့တက်လာသည်။မြလင်းသာ ကိုးပြုံးနေတာ မြင်တော့ ရယ်ချင်သွားသည်။မြလင်းသာက သူ့ကို ကြည့်ကောင်းတယ်ပြောတော့ ပြုံးနေသတဲ့။

"သွား သွား ပြင်ဆင်တော့ နက်ဖြန်ခါပဲ လေယျာဉ်စီးရတော့မယ်"

"ဟုတ် မြလင်း ကျွန်တော်သွားပြီ"

ကိုးကပြောပြီး အခန်းပြင်ထွက်သွားသည်။မြလင်းသာ ကိုးရဲ့ကျောပြင်ကို ကြည့်ပြီး ရယ်လိုက်သည်။

_________

၁၉၆၀ခု ဖေဖော်ဝါရီလ၊၁၀ရက်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး အားကစားပွဲအတွက် ကိုးတို့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။လေ‌ယာဉ်ပေါ်မှ နိုင်ငံ့ကိုယ်စားပြုများဆင်းချိန်တွင် ခင်မောင်က ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို ကိုင်ဆောင်ထားပြီး ရှေ့ဆုံးမှ ဆင်းသည်။ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံက လေအဝှေ့တွင် တလွှင့်လွှင့်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now