Part 38

7.3K 707 29
                                    


ဒေါက် ဒေါက်!!

မြလင်းသာ ကိုးအခန်းတံခါးကို ခေါက်သည်။ကိုး အခန်းတံခါးလေးဖွင့်ပေးသည်။မြလင်းသာ ပြုံးကာ ကိုးလက်ကောက်ဝတ်ကို ကိုင်ဆွဲလိုက်သည်။

"ဘာလဲ မြလင်း"

"ကိုယ်နဲ့ စိန့်မြစ်ထဲမှာ ‌သ‌င်္ဘောသွားစီးရအောင်"

"ဟင် ဘာလို့လဲ မနက်ဖြန် ပြိုင်ပွဲရှိတယ်လေ"

"အင်း ကိုး စိတ်အပန်းပြေအောင်လို့"

ကိုး ခေါင်းညိတ်သည်။မြလင်းသာက ကိုးလက်ကိုဆွဲကာ ဟိုတယ်ပြင်ထွက်ခဲ့သည်။ဟိုတယ်ရှေ့‌တွင် ခင်မောင်က နှင်းဆီပန်းစည်းကို ကိုင်ပြီး ရိုဆာလင်း ရှေ့မှ ပိတ်ရပ်ထားသည်။ရိုဆာလိုင်းကတော့ ခင်မောင်ကို မျက်စောင်းထိုးပြီးထွက်သွားသည်။

"ရိုဆာလိုင်း wait for me"

ခင်မောင်က ကပြာကယာ ရိုဆာလိုင်းနောက်မှ လိုက်သွား၏။ကိုးနှင့်မြလင်းသာတို့ ခင်မောင်ကို ကြည့်ကာ ရယ်လိုက်ကြသည်။မြလင်းသာတို့ တက္ကစီပေါ်တက်ကာ စိန့်မြစ်ဘေးသို့ ထွက်ခဲ့သည်။‌

ညနေခင်း ဆည်းဆာချိန်က ကောင်းကင်ကို လိမ္မောနီရောင် ဆေးခြယ်ထားသည်။လေပြည်လေညင်းလေးက စိန့်မြစ်ပေါ်မှဖြတ်တိုက်နေပြီး အေးမြလတ်ဆတ်လို့နေသည်။ကိုး မြလင်းသာ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။အဖြူရောင်သ င်္ဘောက ကမ်းသို့ဆိုက်လာ၏။ကိုးတို့ သင်္ဘောပေါ်တက်လာသည်။

သင်္ဘောပေါ်တွင် ချစ်သူစုံတွဲများ အများအပြားရှိပြီး လည်ပတ်သူများအပြည့်။နမ်းနေကြသူများရှိပြီး ချစ်ရသူကို ရင်ခွင်ထဲ ထည့်ဖက်သူများလည်းရှိသည်။အချစ်မြို့တော်ဆိုသည့်အတိုင်း အချစ်ရနံ့က လေထုထဲတွင် ထုံမွန်းနေသည်။

မြလင်းသာနှင့်ကိုး သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေပြီး လက်ရမ်းပေါ် လက်တင်လိုက်သည်။သင်္ဘောက တဖြည်းဖြည်းရွေ့လျားလာသည်။ကိုး မြလင်းသာလက်သန်းလေးကို သူ့လက်သန်းလေးနှင့် ချိတ်သည်။

ဆည်းဆာရောင်ဆမ်းသည့် ပါရီမြို့ပြရှုခင်းက သိပ်ကို ‌နွေးထွေးလှပနေပြီး အဝေးမှ အီဖယ်လ်မျှော်စင်နှင့် pont neufတံတားက သိပ်ခမ်းနားသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Donde viven las historias. Descúbrelo ahora