Part 26

7.8K 737 32
                                    

ကိုး မျက်နှာသစ်ပြီး အဆောင်ခန်းထဲ ဝင်လာသည်။အဆောင်ထဲတွင် ခင်မောင်နှင့်တင်မောင်လွင်တို့က မနက်ခင်းမပြေးခင် ဒိုက်ထိုးနေသည်။ကိုးကို တွေ့တော့ ခင်မောင်က ဒိုက်ထိုးနေရာမှ ရပ်ပြီး ကိုးဘေးကို ဆွေ့ခနဲရောက်လာ၏။ကိုး ခင်မောင်ကို လေလိုသာ သဘောထားပြီး ကုတင်ပေါ် ထိုင်လိုက်သည်။

"မိုက်ကိုး မင်း ကိုသာကြည်ကို ဟောဒီလို ဟောဒီလို ထိုးလိုက်တာများ သိပ်မိုက်တာ"

ခင်မောင်က ကိုးဘေးတွင် ဝင်ထိုင်ပြီး လေကို ထိုးပြသည်။ကိုး ခင်မောင်ကို တစ်ချက်ကြည့်ပြီး ကုတင်ပေါ် လှဲအိပ်လိုက်သည်။

"အားယား မင်းကတော့လေ ငါပြောနေတာကို ငါ့ကို စကားပြန်ပြောပါဦးဟ"

ကိုး ကုတင်ပေါ် ထထိုင်လာပြီး ခင်မောင့်ကို ခပ်စူးစူးကြည့်လိုက်သည်။ခင်မောင် ကိုးက ကြည့်လာတာကြောင့် ခေါင်းလေးပုဝင်သွားသည်။

"ခင်မောင် မင်း ရည်းစားထားဖူးတယ်မလား"

ခင်မောင်က နားရွက်လေးကုတ်ရင်း ခေါင်းညိတ်သည်။

"အင်း ဘာဖြစ်သလဲ"

"ရည်းစားထားရင် ဘာတွေလုပ်ကြသလဲ"

ကိုးက ထူးထူးခြားခြားမေးနေတာကြောင့် ခင်မောင် ခေါင်းကုတ်လိုက်သည်။ခင်မောင်က တကယ်တော့ ရည်းစားမထားဖူးပါချေ။ခင်မောင် လုပ်ချောင်းလေးဆိုးကာ ကိုးကို ကြည့်သည်။

"အဟမ်း ရည်းစားထားရင် ဘိုင်စကုတ်သွားကြည့်ကြတာပေါ့ ဘိုင်စကုတ်ရုံက မှောင်နေတဲ့အချိန် သူ့လက်ကလေးကို ကိုင်တာပေါ့"

"အင်း ဘယ်လိုကိုင်မှာလဲ"

"ဘိုင်စကုတ်သွားကြည့်ရင် ဘေးချင်းကပ်ရပ်ထိုင်လေ ပြီးရင် သူ့လက်ကလေးက လက်ရန်းပေါ်တင်လာတဲ့အချိန်ကိုစောင့် ပြီးရင် လက်ကလေးကို ကြင်ကြင်နာနာကိုင်လို့ရပြီပေါ့ဟ"

"ဩ ပြီးတော့ရော"

"ပြီး ပြီးတော့ သူ့ပါးလေးကို ဖြည်းဖြည်းလေး နမ်း နမ်းမှာပေါ့"

"ဘိုင်စကုတ်ရုံထဲမှာဆို နမ်းလို့သလား"

"ခွင့်တောင်းပြီးမှ နမ်းရတာပေါ့ ဒါနဲ့ မင်းကဘာလို့ မေးသလဲ"

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now