Part 33

8.9K 691 52
                                    

ကိုး ဆံသဆရာကို ခေါ်ကာ ဆံပင်တွေကို ညှပ်ချလိုက်သည်။ကိုးရဲ့ကောက်ကောက်ကွေးကွေးဆံပင်လေးတွေ အားလုံး ‌ကြမ်းပြင်ပေါ်ကျသွားသည်။ကိုး နဖူးထောင့်တွေကို လေးထောင့်ကျကျ ညှိထားပြီး ဘေးတွေအကုန်ပါးလိုက်ကာ သပ်သပ်ရပ်ရပ်ညှပ်သည်။မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေကိုလည်း ရိတ်ပစ်ထားတော့ ကိုး ပုံစံက တက်တက်ကြွကြွအသွင် ပြောင်းသွား၏။

ကိုး ခြေချင်းဝတ်က အများကြီးသက်သာလာပြီဖြစ်ကာ ချိုင်းထောက်လည်း မလိုအပ်တော့ပါချေ။ကိုး ပြေးလမ်းပေါ်တက်ပြီး ပုံမှန်လေးပြေးသည်။သာကြည်က အရှိန်နှင့်ပြေးလာပြီး ကိုးကို လှောင်ရယ်သွားသည်။ကိုး သာကြည်ကို အာရုံမထားဘဲ ဆက်ပြေးသည်။

မြလင်းသာက ကိုးရဲ့စံချိန်တွေကို မှတ်ပေးသည်။ကိုး ပြေးနေရာမှ လမ်းကြောင်းပြောင်းပြီး မြလင်းသာထံပြေးလာသည်။မြလင်းသာ ကိုးကို ရေဘူးလေးကမ်းပေးသည်။ကိုး အသက်ဝဝရှူပြီး ရေသောက်သည်။

"မြလင်း ကျွန်တော့်စံချိန်ဘယ်လောက်လဲ"

"မီတာ ၂၀၀ကို ၃၀စက္ကန့်"

"ကျစ် သာကြည်က ၂၆စက္ကန့်မလား"

ကိုးက မျက်မှောင်ကြုတ်ပြီး အလိုမကျစွာပြောသည်။

"ဟုတ်တယ်"

"ကျွန်တော် ကြိုးစားရဦးမယ်"

"အရမ်း ဖိအား‌မပေးနဲ့ ခြေချင်းဝတ်က ဖြစ်ထားတာ ကြာသေးတာ မဟုတ်ဘူး"

"ရပါတယ် ကျွန်တော် တစ်နေ့ရှစ်နာရီ အပြည့်အဝအိပ်တယ် အစားအသောက်သေချာစားတယ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတယ်"

"အင်းပါ"

"ဒီတစ်ခါ အိုလံပစ်မှာ ကျွန်တော်နိုင်ချင်တယ်"

ကိုးက ပြောပြီး သုံးခါခုန်လိုက်သည်။မြလင်းသာ ကိုးရဲ့တက်ကြွသည့်ပုံစံကြောင့် ကျေနပ်သွားသည်။

ကိုးက တစ်နေ့ထက်တစ်နေ့ပိုပြီး အပြင်းအထန်ကြိုးစားလာ၏။မနက်လေးနာရီခွဲတွင် အားကစားကွင်းထဲ ဘယ်သူမှ မရောက်သေး‌ပေမဲ့ ကိုးကတော့ ပြေးလမ်းပေါ်ရောက်နေပြီ။သူများတွေ အနားယူချိန် ည ၇နာရီတွင်လည်း ကိုးက ပြေးလမ်းပေါ်ရှိသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now