Part 5

11.3K 952 12
                                    

နေ့ရက်‌လေးတွေက တရွေ့ရွေ့ကုန်ဆုံးခဲ့လေပြီ။ကိုးရဲ့ကောက်ကွေးသည့်ဆံပင်လေးတွေက နားရွက်ဖုံးလာခဲ့ပြီ။

အာရုဏ်ဦး တုံးခေါက်သံကြားရပြီ။ထုံးစံအတိုင်း ကိုး ထကာ ဘုန်းကြီးကျောင်းမုခ်ဝမှ စတင်ပြေးသည်။ကိုးက ယခင်ကထက် လျင်မြန်လာပြီး တစ်ခဏအတွင်းပင် မြလင်းသာအိမ်ရှေ့ရောက်လာ၏။ကိုး သစ်ပင်ပေါ်တက်ကာ ဝရံတာပေါ်သို့ လှမ်းကြည့်လိုက်သည်။ဝရံသာပေါ်တွင် မြလင်းသာက မရှိ။ကိုး အိမ်တစ်အိမ်လုံးကို အကြည့်တွေဖြန့်ကျက်လိုက်တော့လည်း မတွေ့။

"ဟင် မင်း ကိုး မလား"

ကြီးမြအသံကြောင့် ကိုး သစ်ပင်အောက်ကို ငုံ့ကြည့်လိုက်သည်။ကြီးမြ မျက်နှာက မည်းမှောင်နေပြီး လက်ထဲတွင် ဈေးခြင်းလေးကိုင်ထား၏။ကြီးမြက ကိုးကို မနှစ်သက်သည်မှာ သိသာလှသည်။

"ဟဲ့ ဆင်းခဲ့စမ်း"

ကြီးမြက မနှစ်မြို့စွာ ငေါက်သည်။ကိုးက ဘာမှပြန်မပြောဘဲ ကြီးမြကို ဂရုမထားဟန် ကြည့်လိုက်သည်။ကြီးမြ မျက်နှာက ဒေါသကြောင့် နီရဲလာပြီး ခြံထဲ ဝင်သွားသည်။ထို့နောက် ကြီးမြနှင့်အတူ မြလင်းသာက ထွက်လာသည်။မြလင်းသာကို မြင်တော့ ကိုး အနည်းငယ်စိုးရိမ်သွားသည်။မြလင်းသာ မျက်နှာက တည်တင်းနေပြီး ကိုးကို မော့ကြည့်လာသည်။

"ကိုး မင်း ဆင်းခဲ့"

မြလင်းသာ လေသံက ပုံမှန်အချိန်များထက် မာနေတာကြောင့် ကိုး တစ်ကိုယ်လုံး ကြောက်ရွံ့စိတ်များ ဖုံးလွှမ်းလာသည်။ကိုး မဆင်းရဲတော့ဘဲ သစ်ရွက်များကြား ပုန်းကွယ်နေလိုက်သည်။

"ဆင်းခဲ့ဆို ကိုယ် ပြောနေတယ်လေ"

မြလင်းသာ အော်လိုက်တာကြောင့် ကိုးက သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်။ကိုး ခေါင်းငုံ့ထားပြီး လက်များက ရှပ်အင်္ကျီအနားစကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

မြလင်းသာ အကြည့်များက ကိုး ဆံပင်ကောက်ကောင်လေးများမှတဆင့် ခြေဖမိုးလေးတွေအထိ ဖြတ်သန်းသွားသည်။ကိုးက ဖိနပ်မပါ ခြေဗလာ။မြလင်းသာ ကြည့်လိုက်တော့ ကိုးက ရှက်ရွံ့သွားဟန်ဖြင့် ခြေချောင်းလေးတွေကို ကွေးလိုက်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Donde viven las historias. Descúbrelo ahora