Part 9

8.5K 840 26
                                    


ဦးပိန်မှ ပြန်ရောက်ထဲက ကိုး မြလင်းသာကို စကားတစ်ခွန်းမှ မပြောတော့။ကိုးက အမြဲတမ်း မထုံတက်သေးမျက်နှာနှင့်သာ မြလင်းသာကို ကြည့်နေလေ့ရှိသည်။ထမင်းစားဝိုင်းတွင် ကိုးက တိတ်ဆိတ်နေပြီး မြလင်းသာကို သားကောင်ကို ခုန်အုပ်တော့မည့် ကျားတစ်ကောင်လို အကြည့်မျိုးဖြင့် စူးရဲစွာကြည့်သည်။မနက်ခင်း အပြေးလေ့ကျင့်ရာတွင်လည်း ကိုးက ခြံရှေ့တွင် ရပ်စောင့်နေပြီး မြလင်းသာကို စက်ဘီးလေးစီးကာ ခြံရှေ့ထွက်လာမှ နောက်မှ လိုက်ပြေးသည်။မြလင်းသာကိုတော့ စကားတစ်ခွန်းမှ မဟ။

မြလင်းသာ ကိုးက အရင်လို မကပ်တော့ မနေတတ်။ကိုးရဲ့ဆံပင်လေးတွေကို မထိုးဖွရတော့ စိတ်ထဲ အဆင်မပြေပေ။ဘာကြောင့်များ ကိုးက ဒီလောက်ခေါင်းမာတယ် မသိ။စကားတစ်ခွန်းမှ မပြောဘဲ နေနိုင်တာကိုလည်း မြလင်းသာ အံ့ဩမိသည်။စိတ်ဆိုးပြီး ဒေါသထွက်ရင် မြလင်းသာ ဖြေရှင်းနိုင်သေးသည်။အခုလို တေမိဇာတ်ခင်းနေတော့ မြလင်းသာ ဘာမှ လုပ်လို့ မရ‌တော့။ကိုးက မြလင်းသာကို အသံတိတ်ဆန္ဒပြနေ‌သည်။

ဒီလိုနှင့် အချိန်တစ်ပတ်ခန့်ကုန်လွန်သွားခဲ့ပြီး မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာမည့်နေ့သို့ ရောက်လာသည်။

ဘကြီးရွှေက ကားကို အိမ်ရှေ့ဆင်ဝင်အောက်တွင် ရပ်ထားသည်။ကိုးက ‌အိတ်ကို ဆွဲကာ သူ့မူပိုင် မျက်နှာဖြစ်သည့် ထုံပေပေမျက်နှာထားဖြင့် ကားပေါ်တက်သည်။မြလင်းသာလည်း ကိုးဘေးတွင် ဝင်ထိုင်သည်။ကိုးက မြလင်းသာကို ‌မျက်ခုံးတစ်ဖက်ပင့်၍ ကြည့်လိုက်ပြီး ကားအပြင်ဘက်ကို အကြည့်ပို့လိုက်သည်။မြလင်းသာ ရင်ထဲ အောင့်သက်သက်။

ကားက လေဆိပ်ထံ ဦးတည်သွားသည်။လေဆိပ်တွင် ကူလီသမားများအသင့်ရှိသည်။ကိုး ကားပေါ်က ဆင်းသည်။မြလင်းသာလည်း ဆင်းသည်။

"ကိုး မင်း ကိုယ့်ကို စကားမပြောတော့ဘူးလား"

ကိုးက မြလင်းသာကို ပေကပ်ကပ်သာကြည့်ပြီး အိတ်ကိုသာ မလိုက်သည်။

"ကားနောက်ဖုံးထဲမှာ ကိုယ့်အိတ်ရှိတယ် မသယ်
ပေးတော့ဘူးလား"

ကိုး မျက်လုံးလေးတွေက တလက်လက်တောက်ပသွားပြီး မြလင်းသာကို တအံ့တဩကြည့်လာသည်။မြလင်းသာ ပြုံးကာ ခေါင်းညိတ်သည်။ကိုးက မယုံကြည်ဟန်ဖြင့် ကားနောက်ဖုံးကို အလျင်အမြန်သွားဖွင့်သည်။ကားနောက်ဖုံးထဲက အိတ်ကို မြင်တော့ ကိုး နှုတ်ခမ်းထောင့်တွေက ချက်ချင်းကော့တက်သွားပြီး သွားစွယ်ချွန်ချွန်လေးတွေက ထွက်ပေါ်လာသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now