Part 28

7.4K 695 44
                                    

ကိုး မြလင်းသာ အခန်းထဲဝင်လာကာ စောင်တွေကိုခေါက်ပေးသည်။မြလင်းသာက ‌သတင်းစာလေးယူကာ အခန်းထဲဝင်လာ၏။မြလင်းသာ ကိုးကို တွေ့တော့ စနောက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

"ဟေ့ ကိုယ်နဲ့ မှားပြီးတဲ့ ကောင်လေး"

ကိုး မြလင်းသာအသံကြောင့် နားရွက်လေးတွေ နီရဲလာသည်။ကိုး မြလင်းသာကို မကြည့်ဘဲ စောင်တွေကိုသာ ပြီးအောင် ခေါက်ပြီး ‌အခန်းပြင် ခပ်သွက်သွက် ထွက်ရန် ပြင်လိုက်သည်။မြလင်းသာ ကိုးကို အခန်းပေါက်ဝတွင် ပိတ်ရပ်ထားကာ ကိုးကို ခပ်စူးစူးကြည့်၏။မြလင်းသာ မျက်လုံးလေးတွေထဲ ရယ်မြူးရိပ်လေးများ သန်းနေပြီး ကိုး မျက်နှာတစ်ခုလုံး ဆီပူနှင့်ပက်ခံလိုက်ရသလို ပူလောင်သွားသည်။

"ကျွန်တော့်ကို မစနဲ့နော်"

"ဟား ဟား ကိုယ်က ဘယ်မှာ စလို့လဲ"

"ရယ်လည်း မရယ်နဲ့"

"ဟော ကိုယ်ကမရယ်ရဘူးလား ဟား ဟား"

ကိုး မြလင်းသာက ရယ်နေတာကြောင့် ရှက်လာပြီး မြလင်းသာ ခါးကို ဆွဲဖက်ကာ နှုတ်ခမ်းတွေကို သိမ်းပိုက်လိုက်သည်။ရုတ်တရက်ဆန်သော အနမ်းကြောင့် မြလင်းသာ မျက်လုံးတွေက ပြူးကျယ်သွား၏။ကိုးက မြလင်းသာမျက်လုံးတွေကို အနီးကပ်ကြည့်နေပြီး သူ့လျှာကို မြလင်းသာခံတွင်းထဲ မွှေနောက်ကာ ကြမ်းကြမ်းတမ်းတမ်း မက်မက်မောမောနမ်းသည်။မြလင်းသာ ကိုးအနမ်းကြောင့် ရီဝေမိန်းမောသွားပြီး ကိုး ပခုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ကိုး မြလင်းသာကို နမ်းပြီးမှ လွှတ်လိုက်၏။မြလင်းသာ မျက်လုံးတွေက ရီဝေနေကာ မနီမညိုနှုတ်ခမ်းလေးက ကိုးအနမ်းတွေကြောင့် နီထွေးစိုစွတ်သွားသည်။

ကိုး ပိုင်ဆိုင်လိုမှုပြင်းစွာဖြင့် ငုံ့ကာ မြလင်းသာနှုတ်ခမ်းတွေကို လျှာဖြင့် အလျားလိုက် လျက်လိုက်သည်။မြလင်းသာ အသိစိတ်တွေက မီးတောင်တစ်ခုလို ပေါက်ကွဲသွားပြီး ကိုးကို တွန်းထုတ်လိုက်သည်။ကိုးက ကုတင်ပေါ် ဖင်ထိုင်လျက်ကျသွား၏။

"ဟင် ကိုး မင်း ဒီလိုအပြုအမူကို ဘယ်က ဘယ်လို တတ်ခဲ့သလဲ"

ကိုး မြလင်းသာ တွန်းလိုက်တာကြောင့် မျက်နှာကြီးက တည်သွားပြီး မျက်မှောင်ကြုတ်သွားသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now