Part 39(final)

16K 902 30
                                    


~~ဆက်လက်ပြီး အားကစားသတင်းများကို တင်ဆက်ပေးသွားပါမယ်ရှင်

၁၉၆၃ခု၊ မေလ ၁၇ရက်၊ ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် အိုလံပစ်ပွဲ အမျိုးသားမီတာ ၂၀၀တာတို အပြေးပြိုင်ပွဲတွင် မောင်လမိုက်ကိုးက ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပါသည်~~~

ဦးမြဆွေ အကြည့်တွေက လေးနက်သွားပြီး ရေဒီယိုလေးကို စူးစိုက်ကြည့်လိုက်သည်။ဘေးမှ မြမင်းသာက အဖေ့မျက်နှာ အမူအယာကို အကဲခတ်နေ၏။ရေဒီယိုမှ သီချင်းသံလေးစတင်ထွက်ပေါ်လာသည်။

🎵🎵တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကိုမြှင့်တင်ပေးခဲ့ပြီ

မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီ တိုင်းပြည်ကပေး ပေးအပ်လိုက်တဲ့ တာဝန်များ ကျေပွန်ပါပြီ

တကယ့်ကို ကျေပွန်ပြီ သောင်းသောင်းဖျဖျ ကြိုဆိုလို့အတည်....ပြည်သူများဂုဏ်ပြုအပ်ပေသည်🎵🎵

ဦးမြဆွေ ရေဒီယိုလေးကို ပိတ်လိုက်သည်။မြမင်းသာက ဦးမြဆွေရှေ့တွင် ထိုင်နေ၏။

"အဖေ ကိုကို့ကို အဖေထိလို့မရတော့ဘူး"

"အင်း"

"လမိုက်ကိုးက နိုင်ငံဂုဏ်ဆောင်ဖြစ်သွားပြီ"

ဦးမြဆွေ ထိုင်ခုံနောက်မှီကို မှီလိုက်ကာ ဆေးတံထဲ ဆေးတွေထည့်ပြီး မီးညှိကာ ဆေးတံကို ကိုက်လိုက်သည်။ဦးမြဆွေ သက်ပျင်းချပြီး မြမင်းသာကို ကြည့်ကာ ခေါင်းညိတ်သည်။

"ဒီတစ်‌ခါတော့ အဖေ စိတ်လျှော့လိုက်ပါပြီ သားကြီး အကောင်းဆုံးနေထိုင်နိုင်မှာပါ"

မြမင်းသာ အိုမင်းနေပြီဖြစ်သည့် အဖေ့ကို ကြည့်ကာ ပြုံးလိုက်လေသည်။အဖေ့မျက်လုံးထဲတွင် အေးချမ်းနေသည့် အရိပ်အငွေ့များ။

___________

မြလင်းသာ ကိုးရဲ့ရွှေတံဆိပ်ဆုလေးကို ကိုင်ပြီး တစိမ့်စိမ့်ကြည့်နေသည်။မြလင်းသာ နှုတ်ခမ်းထောင့်တွေက ကော့တက်နေ၏။ကိုး ပြုံးကာ မြလင်းသာ ခါးလေးကို ဆွဲဖက်ပြီး ပါးလေးကို နမ်းသည်။

"အဲ့သလောက်တောင် သဘောကျသလား"

မြလင်းသာက ကိုးကိုကြည့်ကာ ခေါင်းညိတ်ပြသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now