Part 34

7.3K 700 12
                                    

ဆရာဝန်က ကိုး ခြေထောက်ကို ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးသည်။မြလင်းသာက ဆေးပေးခန်းထဲ ပြေးဝင်လာသည်။မြလင်းသာ မျက်ဝန်းတွေထဲ စိုးရိမ်ရိပ်တွေ စိုးမိုးနေပြီး အလောတကြီး ပြေးလာခဲ့တာကြောင့် နှာခေါင်းထိပ်တွင် ချွေးစို့နေသည်။ကိုး ဒဏ်ရာကို မြင်တော့ မြလင်းသာမျက်နှာက ဒေါသကြောင့် နီရဲသွား၏။

"ဘယ်ကောင် လုပ်သလဲ ကိုး"

"မသိပါဘူး မိုက်ကိုး ဖိနပ်စီးလိုက်တော့ ဒီလိုဖြစ်သွားတာပဲ"

ခင်မောင်က စိတ်ပူစွာ ပြောသည်။တင်မောင်လွင်ကလည်း ခေါင်းယမ်းသည်။မြလင်းသာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ မျက်ထောင့်နီကြီးနှင့် ကိုး ဒဏ်ရာကို စိုက်ကြည့်နေသည်။ဆရာဝန်က မြလင်းသာနှင့် ကိုးကို ကြည့်ပြီး ပြုံးလိုက်၏။

"ဟောဗျာ ဟိုအရင်တစ်ခါ လူနာ ခြေချင်းဝတ် အရွတ်ပြဲတော့ လူနာက လူသတ်တော့မဲ့ရုပ်နဲ့ အခု လူနာ ဒဏ်ရာရတော့ နည်းပြက လူသတ်တော့မဲ့ရုပ်ပါလား လိုက်လဲလိုက်ပါ့ဗျာ"

ဆရာဝန်က တင်းကြပ်နေသည့် လေထုကို ပြေလျှော့သွားအောင် စနောက်ပေမဲ့ မြလင်းသာက ဒေါသတကြီး အံတင်းတင်းကြိတ်သည်။ကိုးကတော့ အတော့်ကို တည်ငြိမ်နေပြီး ထုံပေပေမျက်နှာထားနှင့် မျက်မှောက်ကြုတ်ထားသည်။ဆရာဝန်က ကိုးကို မေးခိုင်ကာကွယ်ဆေးထိုးပေးသည်။

"နောက် အနာရင်းပြီး ဖျားနိုင်တယ် ဆေးကို သေချာသောက်ပါ တစ်ပတ်လောက်နားလိုက်ပါဦး"

ဆရာဝန်က ပြောပြီး ဆေးအိတ်လေးပြန်ပိတ်သည်။

"ခင်မောင်နဲ့တင်မောင်လွင် ဆရာ့ကို လိုက်ပို့လိုက်ဦး ပြီးရင် ပြိုင်ပွဲအတွက် အားကစားကွင်းထဲသွားတော့"

ခင်မောင်နှင့်တင်မောင်လွင်တို့က ခေါင်းညိတ်ပြီး ဆရာ့ကို လိုက်ပို့ရန် အိတ်ကို လှမ်းယူသည်။

"ခဏ ဆရာ ကျွန်တော့်ဒဏ်ရာကို ချုပ်ပေးပါ ချုပ်လို့ရတယ်မလား ကျွန်တော် ရအောင်ပြေးမှာ"

"မရတာတော့ မဟုတ်ပေမဲ့ မြန်မြန်ပျောက်ဖို့ဆို အစိမ်းချုပ်မှ ဖြစ်မှာ လမိုက်ကိုးက ခံနိုင်သလား"

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now