Part 35

7.5K 690 18
                                    

ကိုး တာယာကွင်းနှစ်ကွင်းကို ကြိုးနှင့်ချည်ကာ ခါးတွင် ချည်သည်။ကိုး ပြေးလမ်းပေါ်တက်၍ စတင်ပြေးသည်။တာယာကွင်း၏ပွတ်တိုက်မှုကြောင့် မြေဖြူမှုန့်တားထား‌သော ပြေးလမ်းမှာ စည်းများပျက်သွားသည်။ကိုး နားထင်မှ သွေးခုန်သံ တဒုတ်ဒုတ်ကြားရသည်။ကိုး နဖူးတွင် ချွေးစက်များတွဲခိုလာ၏။ကိုး အာရုံစိုက်ကာ ဆက်ပြေးသည်။

မြလင်းသာက ပြေးလမ်းဘေးတွင် ရပ်နေကာ အချိန်မှန်ထားသည်။ကိုးက အားကုန်သုံး‌၍ပြေးသည်။သုံးပတ်ခန့် ပြေးပြီးနောက်တွင်တော့ ကိုး ပြေးလမ်းပေါ်ထိုင်ချလိုက်သည်။မြလင်းသာ ပဝါလေးယူကာ ကိုးဘေးကို ပြေးလာပြီး နဖူးကို ချွေးသုတ်ပေးသည်။ကိုး သွားစွယ် ချွန်ချွန်လေးတွေ ပေါ်အောင် ပြုံးပြီး မြလင်းသာကို ကြည့်သည်။

"မြလင်း ကျွန်တော် ပြေးတာ အဆင်ပြေလား"

"ပြေတယ် နောက်ထပ်နည်းနည်းလေး ဆက်ပြေးဦး"

"ဟုတ် အာဘွားပေးမှာလား"

မြလင်းသာ အသံထွက်အောင်ရယ်လိုက်သည်။

"ပြေးပြီးရင် ပေးမယ်"

ကိုးက ချက်ချင်းထပြီး ပြေးသည်။မြလင်းသာ ကိုးကိုကြည့်ကာ ရယ်မောလိုက်လေသည်။အိုလံပစ်တွင် သွားရောက် ယှဉ်ပြိုင်ရန်အတွက် အချိန်တစ်လခွဲခန့်သာ လိုတော့သည်။ကိုးက သာမန်ထက်ပိုပြီး အားထုတ်နေ၏။

ကိုးနှင့်မြလင်းသာ ရေကန်ကို သွားကာ ခြေလက်ဆေးသည်။ကိုးက အင်္ကျီချွတ်ပြီး ဒိုက်ဆယ်ခါထိုးလိုက်၏။မြလင်းသာ ကိုး ကျောပေါ်ရေလောင်းချသည်။ရေစက်တွေက ကိုးရဲ့ညိုမှောင်သည့်ကျောပြင်ပေါ်မှ ဝမ်းဗိုက်ကြွက်သားတွေပေါ် စီးကျသွားပြီး ကိုး ချက်ချင်း ထရပ်သည်။ကိုး ရေတစ်ခွက်ခပ်ကာ ခေါင်းကို လောင်းလိုက်သည်။ရေစိုသွားသည့် ကိုးက အရိုင်းဆန်စွာ ဆွဲဆောင်မှုရှိနေ၏။

"ကျွန်တော် ရေချိုးတော့မယ်ဗျာ မြလင်း အရင်သွားနားတော့"

"မြန်မြန်လည်း လုပ်ဦး"

မြလင်းသာ ပြောပြီး ထမင်းစားဆောင်ထံ လမ်းလျှောက်သွားလိုက်သည်။ကိုး ‌အလျင်အမြန်ပဲ တစ်ဝုန်းဝုန်း ရေချိုးသည်။ပင်ပန်းမှုများက ရေတွေနှင့်အတူ စီးကျသွားပြီး ကိုး တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now