Part 20

7.6K 725 20
                                    

ကိုး ဖိနပ်ကြိုး ချည်ပြီး အားကစားကွင်းထဲ ဝင်လာသည်။မြလင်းသာက ပြေးလမ်းဘေးတွင် stop watchလေး ကိုင်ကာ ရပ်နေသည်။မြလင်းသာ ထုံးစံအတိုင်း တက်ထရွန်ဘောင်းဘီရှည်နှင့် အပြာရောင်ရှပ်အင်္ကျီလေး ဝတ်ထားသည်။အပြာရောင်ရှပ်အင်္ကျီဝတ်ထားသည့် မြလင်းသာ မျက်နှာလေးက ကြည်လင်ရှင်းသန့်နေပြီး တွေ့လိုက်တာနဲ့တင် ကိုး ရင်ထဲကို အေးချမ်းသွားစေသည်။ကိုး နှလုံးသားက ညင်သာစွာ လှုပ်ရှားသွားပေမဲ့ ကိုး မျက်မှောင်ကြုတ်ကာ ပြေးလမ်းပေါ် တက်လိုက်သည်။ကိုး မြလင်းကို တစ်ခါကြည့်လိုက်တိုင်း တစ်ခါချစ်မိသည်။ချစ်မေတ္တာက သိပ်ကို ထူးဆန်းသည်။မချစ်မိအောင် ကြိုးစားလေ ပိုပြီးချစ်မိလေ။

မြလင်းသာ ကိုးရဲ့ထုံပေပေ မိုက်တိမိုက်ကန်းမျက်နှာကြောင့် စိတ်ထဲတင်းသွားသည်။အရင်က ကိုးရဲ့ထုံပေပေမျက်နှာက ချစ်စရာကောင်းတယ်ထင်ပေမဲ့ အခုချိန်မှာတော့ ကိုးမျက်နှာပေးက ရိုက်ပစ်ချင်စရာ။ မိန်းမတစ်ယောက်ကြောင့် မြလင်းသာကို ပုန်ကန်နေသည့် ဆယ့်ကိုးနှစ်အရွယ်ကိုးက ချစ်စရာမကောင်းပေ။မြလင်းသာ မျက်စိအောက်တွင် ကိုးက ပုန်ကန်တတ်သည့်အရွယ်ပင် ရောက်လာခဲ့ပြီ။မြလင်းသာ ဝီစီမှုတ်လိုက်သည်။

ကိုး၊သာကြည်၊ခင်မောင်နှင့် တင်မောင်လွင်တို့က ခြေချင်းဝတ်တွေကို ဖြေလျှော့နေရာမှ ဝီစီသံကြားတော့ ပြေးဖို့ ပြင်ဆင်သည်။ကိုး ပြေးလမ်းပေါ် လက်ထောက်လိုက်သည်။ကိုးရဲ့ညိုညိုစိုစိုအသားအရည်က နေရောင်အောက်တွင် ပြောင်လက်နေသည်။ခြေတံရှည် လက်တံရှည်များ‌ကြောင့် ကိုးပုံစံက ဆွဲဆောင်မှုရှိနေသည်။

ဝီစီသံတစ်ချက် ထွက်ပေါ်လာသည်။ကိုးတို့ စတင်ပြေးသည်။ပြေးလမ်းပေါ်မှ လူလေးယောက်က အားမာန်အပြည့်နှင့် လျင်မြန်စွာပြေးသည်။သူတို့လေးယောက်၏ ပေါင်ကြွက်သားများမှာ ထင်းထွက်နေသည်။ကိုး ရှေ့တွင် သာကြည်၊ နောက်တွင် ခင်မောင်။ကိုး အရှိန်တင်ကာ သာကြည်ကို မှီအောင်‌ပြေးသည်။သာကြည်က လျှပ်စီးအလား လျှင်မြန်သည်။

မြလင်း stop watch ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။မြလင်းသာ ရင်ထဲမှ 'ကိုး ပြေးထား ပြေးထား'ဟု ထပ်ခါထပ်ခါရေရွတ်နေသည်။ကိုးက ပြေးလမ်းပေါ်တွင် တောက်ပစွာ ပြေးလွှားနေသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now