Part 36

7.4K 705 53
                                    


၁၉၆၃ခု မေလ ၁၃ရက်။
ပြစ်သစ်နိုင်ငံ ပါရီမြို့ အိုလံပစ်ပြိုင်ပွဲသို့။

ကိုး မြလင်းသာလက်ကလေးကို ဆုပ်ကိုင်လိုက်သည်။မြလင်းသာက ကိုးပခုံးပေါ်တွင် မှီပြီးအိပ်နေ၏။မြလင်းသာက လေယာဉ်ပေါ်ရောက်တာနှင့် ချက်ချင်းအိပ်ပျော်သွားသည်။ကိုး မြလင်းသာ လက်ကို ဆုပ်ကိုင်ကာ လေယာဉ်ပြတင်းပေါက်မှ အဝေးကို ကြည့်လိုက်သည်။

အီဖယ်လ်မျှော်စင်က တိမ်တိုက်ကြားမှ ထိုးထွက်နေသည်။ပြစ်သစ်နိုင်ငံက သိပ်ကိုလှသည်။လေယျာဉ်က ဖြည်းဖြည်းချင်း ဆင်းသက်သွားသည်။ကိုး မြလင်းသာပခုံးကို ပုတ်ကာ နှိုးသည်။

"မြလင်း မြလင်း ထတော့ ရောက်ပြီ"

မြလင်းသာ နိုးလာပြီး အကြောဆန့်လိုက်သည်။ကိုးက မြလင်းသာကို ပြုံးကာ ကြည့်နေ၏။မြလင်းသာ ကိုးကို ခြေအစခေါင်းအဆုံး ကြည့်လိုက်သည်။ကိုးက ကြက်သွေးရောင်နှင့်အဖြူစပ်ထားသည့် အားကစားဂျာစီဝတ်ထားသည်။ ဂျာစီရင်ဘတ်နှင့်လက်မောင်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံအလံက ကိုးကို နိုင်ငံ့ကိုယ်စားပြု အားကစားသမားမှန်းထင်ရှားစေပြီး အရှိန်အဝါက ခံ့ညားသန်မာစေသည်။ကိုးရဲ့မျက်နှာချောချောလေးက ‌ဆွဲဆောင်မှုအပြည့်ရှိနေပြီး မျက်ခုံးနက်နက်များက သိပ်ကို ယောကျာ်းပီသစေသည်။မြလင်းသာ ကိုးကိုကြည့်ကာ ဂုဏ်ယူဝံ့ကြွားစိတ်များ ယိုဖိတ်ကျလာ၏။

ခင်မောင်က ပြည်ထောင်စုမြန်မာနိုင်ငံအလံကို ကိုင်ကာ ရှေ့ဆုံးမှ ဆင်းသည်။ကိုးတို့က နိုင်ငံ့ကိုယ်စားပြုအားကစားဝတ်စုံဝတ်ထားပြီး နေရောင်အောက်တွင် ဂုဏ်ယူဝံ့ကြွားစွာ တောက်ပနေသည်။အားကစားသမားများ နောက်မှ နည်းပြများက လိုက်ဆင်းသည်။

လေဆိပ်တွင် ပါရီမြို့ အားကစားတာဝန်ခံက ဘတ်စ်ကား စီစဉ်ပေးသည်။ကိုးတို့ ကားပေါ်တက်သည်။ကားလေးက အားကစားသမားတွေ နေရမည့်ဟိုတယ်သို့ ပို့ဆောင်ပေးသည်။

ဘတ်စ်ကားနှင့် ဟိုတယ်သို့သွားရာ လမ်းတစ်လျှောက်တွင် ကိုးတို့ သိပ်လှလွန်းသည့် ပါရီမြို့ကို ငေးမောကြည့်နေသည်။မေလတွင် ပါရီမြို့၌ နွေဦးရာသီသာ ရှိသေးသည်။တစ်မြို့လုံး ပန်းပေါင်းစုံပွင့်လန်းနေပြီး ရာသီဥတုလေးက သိပ်ကို နွေးထွေးနေ၏။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now