Part 4

11.3K 969 31
                                    

အိမ်အပေါ်ထပ် ဝရံတာတွင် သစ်သားလက်ရမ်း ကြိမ်ထိုးကုလားထိုင်လေးနှစ်လုံး ရှိသည်။မြလင်းသာနှင့်ကိုးက တစ်ခုံစီထိုင်နေကြသည်။

"ကိုး လက်ပေး"

ကိုး မြလင်းသာကို သူ့လက်ကမ်းပေးသည်။မြလင်းသာက ကိုးလက်ကို ကိုင်ကာ လက်သည်းလေးတွေ ညှပ်ပေး၏။ကိုးရဲ့လက်ချောင်းများကို ဆုပ်ကိုင်ထားသည့် မြလင်းသာလက်တွေက ဂရုတစိုက် ရှိလှသည်။မြလင်းသာက ကိုး လက်သည်းတွေကို အာရုံစိုက်ကာ ကြည့်နေသည်။ကိုးကတော့ မြလင်းသာမျက်နှာလေးကိုသာ အနီးကပ်သေချာကြည့်နေမိသည်။

မြလင်းသာက ချောမောသည့်အမျိုးသားတစ်ယောက် မဟုတ်ချေ။သ်ို့သော် ကြည့်လိုက်တိုင်း အေးချမ်းသွားစေသည့်မျက်နှာပေါက်ရှိပြီး မျက်တောင်တိုတိတိလေးများနှင့်မျက်ဝန်းညိုများက သိပ်ကို အကြည့်ခံသည်။မနီမညိုနှုတ်ခမ်းက ပိရိသေသပ်နေပြီး လည်တိုင်မှ လည်စလုတ်လေး မြင့်လိုက်နှိမ့်လိုက် ဖြစ်သွားပုံက သိပ်ကို ကြည့်၍ကောင်းသည်။ကိုး ဖြစ်နိုင်ရင် မြလင်းသာကိုသာ တစ်နေကုန် ထိုင်ကြည့်နေချင်မိသည်။

"ခင်ဗျားကြီး"

မြလင်းသာ ကိုးကို ကြည့်လာ၏။မြလင်းသား မျက်ခုံးများက အနည်းငယ် စုကြုံ့သွားသည်။

"ခင်ဗျားကြီးလို့ မခေါ်နဲ့ ဦးလေး ဒါမှမဟုတ် ကိုကိုကြီးလို့ ခေါ်"

"ကိုကိုလေးက ရှိသေးလို့လား"

မြလင်းသာ ပြုံးလိုက်ကာ ကိုး ခြေချင်းဝတ်ကို ဆွဲကိုင်ကာ ပေါင်ပေါ်တင်လိုက်ပြီး ခြေသည်းတွေကို ဆက်ညှပ်သည်။

"မရှိပါဘူး ဘာဖြစ်သလဲ ကိုးက ကိုကိုကြီးလို့ မခေါ်ချင်လို့လား"

ကိုး မြလင်းသာကို ကြည့်ကာ ခေါင်းညိတ်၏။ဘာ ကြောင့်ရယ် မသိ ကိုး မြလင်းသာကို ကိုကိုကြီးလို့ ခေါ်ချင်စိတ်မရှိချေ။

"အဲ့သလိုဆို ကိုယ့်ကို ဘယ်လို ခေါ်ချင်သလဲ"

"မြလင်း"

မြလင်းသာ ကိုးရဲ့အဖြေကြောင့် ‌ဆွံ့အသွားသည်။ကိုးက သူ့ကို မိသားစုလို့ မသတ်မှတ်ဘူးပဲ။နာမည် ခေါ်တာက သူစိမ်းဆန်လွန်းသည်။မြလင်းသာ သက်ပျင်းချကာ မေးလိုက်ပြန်၏။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now