Part 12

8.2K 848 24
                                    

ထမင်းစားဆောင်တွင် နည်းပြတွေက တစ်ဝိုင်း၊သာကြည်‌တို့က တစ်ဝိုင်းနှင့် ကျန်သည့်အားကစားသမားများက ဝိုင်းကိုယ်စီဖြင့် အသီးသီးနေရာယူသည်။အစားအသောက်တန်းရှိ မိန်းမကြီးသုံးယောက်က ထမင်းဟင်းများကို အဆင်သင့်ပြင်ဆင်ထားပေးသည်။

ကိုး ခင်မောင်တို့နှင့်ထိုင်နေရာမှ မြလင်းသာတို့ဝိုင်းကို လှမ်းကြည့်သည်။မြလင်းသာတို့ဝိုင်းတွင် မြလင်းသာ၊ဦးမြမောင်နှင့်ဦးကျော်ခိုင်တို့ သုံးယောက်ထိုင်နေသည်။ခင်မောင်က ကိုးကြည့်နေသည့်နေရာကို ကြည့်လိုက်သည်။

"မိုက်ကိုး မင်းအဲ့ဒီကို သွားမလို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား"

ကိုး ခင်မောင့်ကို ကြည့်လိုက်သည်။ပြီးမှ ကိုး ထမင်းထမင်းပန်းကန်ကိုင်ကာ မြလင်းသာတို့ဝိုင်းကိုသွားသည်။မြလင်းသာတို့ဝိုင်းရှိ ဦးကျော်ခိုင်က ကိုးကို အလိုမကျဟန် ကြည့်လာသည်။ကိုး ဦးကျော်ခိုင်နှင့်ဦးမြမောင်ကို ဖုတ်လေတဲ့ငါးပိရှိလေတယ်တောင် မထင်ဘဲ မြလင်းသာဘေးတွင် ခပ်တည်တည်ဝင်ထိုင်လိုက်သည်။

"ဘာလာလုပ်တာလဲ ဒါနည်းပြတွေရဲ့ဝိုင်းကွ"

ဦးကျော်ခိုင်က လေသံထဲ အာဏာပြလိုမှုများ ရောထွေးနေပြီး မကျေမနပ်ပြောသည်။ကိုး ဦးကျော်ခိုင်ကို မျက်ခုံးတစ်ဖက်ပင့်ကာ တစ်ချက်သာကြည့်လိုက်ပြီး မြလင်းသာ ပန်းကန်ထဲ ဝက်သားတုံးလေးထည့်ပေးသည်။ဦးကျော်ခိုင်က ဒေါသကြောင့် မျက်နှာကြီး နီရဲလာသည်။မြလင်းသာ မျက်နှာပူသွားပြီး ကိုးကို တံတောင်နဲ့တို့လိုက်သည်။

"ကိုး ဟိုဝိုင်းမှာ သွားစားလေ"

မြလင်းသာက ကိုးကြားရုံ လေသံတိုးတိုးနှင့်ပြောသည်။ကိုးကတော့ ခပ်တည်တည် ဟင်းရည်တစ်ဇွန်းသောက်သည်။မန်ကျည်းရွက်ဟင်းရည်က ပေါ့ရွှတ်ရွှတ်။

"မရဘူး မြလင်းနဲ့ပဲ အတူစားမှာ"

ကိုးကတော့ ပုံမှန်လေသံဖြင့်သာ ပြောသည်။ဦးကျော်ခိုင် မျက်နှာက ပိုပြီး အရုပ်ဆိုးလာသည်။

"မင်း ဒါက မလေးစားတာပဲကွ ဘယ်သူကများ နည်းပြတွေနဲ့ တစ်ဝိုင်းထဲ စားသလဲ မင်းမှာ လေးစားမှုမရှိဘူးလား"

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now