Part 8

9.1K 843 10
                                    


မြလင်းသာ ကားလေးကို အိမ်ရှေ့ဆင်ဝင်အောက် မောင်းဝင်လာခဲ့သည်။အိမ်ရှေ့ဆင်ဝင်အောက်တွင် ကြီးမြ၊ဘကြီးရွှေ၊မာလီဦးဝင်း၊မောင်ခွေးနှင့် မိဝေတို့ ရပ်နေကြသည်။မြလင်းသာ ကားပေါ်မှဆင်းသည်။

"ကြီးမြတို့ လူစုံတက်စုံနဲ့ ဘာရပ်လုပ်နေကြသလဲ"

"ဟို ကိုးက အနိုင်ရခဲ့သလားတော့်"

ကြီးမြက မေးသည်။မြလင်းသာ မျက်လုံးလေးတွေက ဂုဏ်ယူမှုကြောင့် တလက်လက်တောက်ပလာသည်။

"တတိယပန်းဝင်တယ်လေ မကြာခင် ရန်ကုန်မှာ သွားလေ့ကျင့်ရတော့မှာဗျ"

မြလင်းသာက ဂုဏ်ယူဝံ့ကြွားစွာပြောသည်။မြလင်းသာ ကိုယ်တိုင် ကြိုးစားပြီး ပျိုးထောင်ခဲ့သည့် ပန်းကလေးတစ်ပွင့်က ပွင့်လာချေပြီ။မြလင်းသာ ကိုးအတွက် သိပ်ကို ဂုဏ်ယူသည်။

ကိုးကတော့ မရယ်မပြုံးမျက်နှာပေးဖြင့် ကားပေါ်မှ ဆင်းလာသည်။ကြီးမြက ဝမ်းသာအားရ ပြောသည်။

"အလိုတော် ကိုးကလေးက တော်လိုက်တာ ဒီကနေ့ညတော့ဖြင့် ကိုးအကြိုက် ငါးဟင်း ကောင်းကောင်းလေးချက်ကျွေးရမယ်"

ကြီးမြကလည်း ဝမ်းသာနေသည်။ကြီးမြက ကိုးကို ရောက်စက မကြည်ပေမဲ့ အခုတော့ သားကလေးလို ခင်မင်သည်။ဘကြီးရွှေက ဆေးတံကို ကိုက်နေရာမှ ပြုံးလိုက်သည်။

"နက်ဖြန်ခါ ရေဒီယိုမှာ နံနက်ခင်းသတင်းနားထောင်ရမယ် ကိုးနာမည်က သတင်းထဲ ပါရင် ပါလာမှာ"

မာလီဦးဝင်းပြောတော့ အားလုံး ပြုံးကြသည်။ကိုး မျက်နှာက မသာမယာဖြစ်နေတာကြောင့် ကြီးမြကမေးသည်။

"ကိုးကလေးရော မပျော်ဘူးလား"

ကိုး ခေါင်းယမ်းသည်။ကျန်သည့်လူများ အံ့ဩသွားသည်။ကိုးရဲ့အသွင်အပြင်က တကယ်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

"ရန်ကုန်သွားရင် မြလင်းနဲ့ခွဲရမှာ"

"ဟား ဟား အကိုလေးကိုးရဲ့ ကျုပ်က ဘာများလဲလို့ သခင်လေးက ရန်ကုန်ကနေ ဒီမှာက ခဏလာ အပန်းဖြေတာပဲ ကိုးနဲ့ လိုက်မှာပေါ့ဗျ"

မောင်ခွေးက ဝင်ပြောသည်။ကိုး မျက်လုံးလေးတွေက တလက်လက်တောက်ပလာပြီး မြလင်းသာကို မျှော်လင့်တကြီး ကြည့်သည်။မြလင်းသာကတော့  ကိုးကို ပြုံးရုံသာ ပြုံးပြပြီး တိတ်ဆိတ်သွားသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now