Part 37

7.1K 674 35
                                    

ကိုး လက်ဖျားတွေ အေးစက်နေသည်။အပြေးပတ်လမ်းက အရှည်ကြီးထင်ရပြီး လူသံတွေနှင့် ဆူညံနေသည်။တင်မောင်လွင်က မြန်မာ့အလံကို ကိုင်ထားပြီး ခင်မောင်ကတော့ တင်မောင်လွင်ဘေးတွင် ရပ်နေသည်။တခြားနိုင်ငံမှ လူများလည်း အားကစားကွင်းထဲ ဆူညံနေ၏။ကင်မရာသံတွေကလည်း တဖျတ်ဖျတ်ဆူညံနေသည်။အရာအားလုံးက   ကိုးစိတ်ကို ရှုပ်ထွေးနောက်ကျိစေသည်။

ကိုး ဝမ်းဗိုက်က ထိုးအောင့်လာတယ် ထင်ရသည်။ကိုး စိတ်အေးသွားအောင် မြလင်းသာကို ကြည့်သည်။မြလင်းသာက နည်းပြဝတ်စုံဂျာစီအပြာရောင်လေးနှင့် သိပ်ကို လိုက်ဖက်နေ၏။ မြလင်းသာရဲ့အပြုံးလေးကြောင့် ကိုး အနည်းငယ် စိတ်ငြိမ်သွားသည်။ကိုး ဂျာစီအင်္ကျီလက်ရှည်ကို ချွတ်လိုက်သည်။မြလင်းသာက ကိုးရဲ့အင်္ကျီလေး‌ကို ပွေ့ထားသည်။ကိုး ခြေချင်းဝတ်ကို အကြောလျှော့သည်။စိတ်လှုပ်ရှားနေတာ‌ကြောင့် ကိုး အသက်ဝဝရှူသည်။လက်ဖျားတွေက နွေးမလာသေး။

မြလင်းသာ ကိုးကို ကြည့်ပြီး ကိုးလက်မောင်းကို ဆုပ်ကိုင်ကာ အားပေးသည်။ကိုး ခေါင်းညိတ်ပြီး ပြေးလမ်းပေါ်တက်သည်။ ပြေးလမ်းပေါ်ရောက်တော့ ကိုး စိတ်လှုပ်ရှားလာပြန်သည်။ကိုး စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တောင့်ခဲနေသည်။‌ လေးလံသည့်ဖိအားက ကိုး နှလုံးသားကို ဖိနှိပ်ထားပြီး ကိုး ကြီးမားသည့်ထုထည်ကို ပခုံးပေါ်ထမ်းထားရသည်။ကိုး သွေးပူအောင် သုံးချက်ခုန်လိုက်သည်။ကိုး ဗိုက်ထဲမှ နာကျင်မှုက အနည်းငယ်လျှော့ပါးသွားသည်။ကိုး သတ်မှတ်စံချိန်ကို ကြည့်လိုက်သည်။

မီတာ ၂၀၀၊၂၅စက္ကန့်။

ကိုး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ကိုး ရှေ့တွင်ပြေးခဲ့သည့် အင်္ဂလန်နိုင်ငံသား လူးဝစ်မက်ဘော့က ၂၁စက္ကန့်ဖြင့် အိုလံပစ်တာတိုအပြေးပြိုင်ပွဲအတွက် သတ်မှတ်စံချိန်ပြည့်မှီထားသည်။ကိုး ‌နှလုံးခုန်သံ တဒုတ်ဒုတ်ကြားရသည်။ကိုး သတ်မှတ်စံချိန်အတွင်း မပြေးနိုင်ခဲ့လျှင် နိုင်ငံ့မျက်နှာကို အိုးမဲသုတ်မိလိမ့်မည်။အခု ပြေးလမ်းပေါ် ရောက်နေသည်က လမိုက်ကိုး မဟုတ်တော့ မြန်မာနိုင်ငံသာ ဖြစ်သည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now