Part 29

7.3K 698 28
                                    

ကိုး ပြေးလမ်းပေါ်တက်လိုက်သည်။သာကြည်၊တင်မောင်လွင်နှင့် ခင်မောင်က ကိုးဘေးတွင် ရပ်နေ၏။ကိုး အသက်ဝဝရှူကာ ပြေးလမ်းပေါ် လက်ထောက်လိုက်သည်။နည်းပြဦးမြမောင်က ဝီစီမှုတ်လိုက်သည်။ကိုးတို့အားလုံး ခြေနင်းပေါ် ခြေထောက်တင်ကာ ခါးကို မြှောက်သည်။

ဒိုင်း!!!

သေနတ်သံကြားသည်နှင့် ကိုးတို့ ပြေးထွက်သွားကြသည်။သာကြည်က သိပ်ကိုမြန်သည်။ကိုးက နောက်က လိုက်၏။ကိုး လျှပ်စီးလို အလျှင်ဖြင့် ထိုးဖောက်သွားပြီး သာကြည့်ကို ကျော်တက်သည်။ရုတ်တရက် ကိုး  ညာဘက်ခြေချင်းဝတ်က စူးအောင့်လာ၏။ကိုး မျက်မှောင်ကြုတ်လိုက်သည်။ညာဘက်ခြေထောက်ထောက်လိုက်တိုင်း ပြင်းပြင်းထန်ထန်နာကျင်လာသည်။

သာကြည်နှင့် ခင်မောင်က ကိုးကို ကျော်တက်သွားသည်။ကိုး အားတင်းကာ ဆက်ပြေးသည်။ခြေချင်းဝတ်က ပြင်းပြင်းထန်ထန်နာကျင်လာပြီး ကိုး အလျင်က ကျသွားသည်။ကိုး ခင်မောင့်ကျောပြင်ကိုသာ မြင်ရသည်။တင်မောင်လွင်ကပါ ကိုးကို ကျော်တက်သွား၏။ကိုး နားထင်မှ သွေးခုန်သံ တဒုတ်ဒုတ်ကြားရသည်။ကိုး အံကြိတ်ကာ ဆက်ပြေးသည်။စိတ်သွားတိုင်း ကိုယ်မပါ။ခြေချင်းဝတ်က ပေါက်ထွက်မတတ် နာကျင်သည်။သာကြည်က ပန်းဝင်ကြိုးအဖြူလေးကို ဖြတ်သွားသည်။ကိုး နောက်ဆုံးမှ ပန်းဝင်သည်။

ကိုး ကိုယ့်ကိုယ်ကိုယ်ဒေါသဖြစ်စွာ ‌အံ့ကြိတ်ရင်း ပြေးလမ်းပေါ် ထိုင်ချလိုက်သည်။ခြေချင်းဝတ်မှ နာကျင်မှုက စူးအောင့်လာပြီး ကိုး ဖိနပ်ကို ဆွဲချွတ်ကာ အဝေးကို ပစ်လိုက်သည်။မြလင်းသာက ကိုးဘေးသို့ ပြေးလာသည်။မြလင်းသာ ‌ကိုးဘေးတွင် ထိုင်ချပြီး ကိုး ခြေချင်းဝတ်ကို ကြည့်သည်။‌ကိုး ခြေချင်းဝတ်က ညိုမဲနေ၏။မြလင်းသာ စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။

"ရေခဲယူခဲ့ မြန်မြန်"

ခင်မောင်က အဆောင်ထဲ ပြေးဝင်သွားပြီး ရေခဲအိတ်လေး ယူလာသည်။မြလင်းသာ ကိုး ခြေချင်းဝတ်ပေါ် ရေခဲအိတ်ကပ်ပေးသည်။နာကျင်မှုကြောင့် ကိုး နှုတ်ခမ်းတွေမှာ ဖြူဖျော့နေသည်။မြလင်းသာ  ကိုးလက်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားသည်။

မည်သို့မည်ပုံချစ်သလဲ မေးရင်ဖြင့်(Completed)Where stories live. Discover now