အခန်း(1)

11.5K 695 26
                                    

M နိုင်​ငံရဲ့ ​နောက်​ဆုံးအဆင့်​သမ္မတ​ရွေးချယ်​ပွဲ

Mနိုင်​ငံရဲ့သမ္မတ​ရွေးချယ်​မှုက တခြားနိုင်​ငံ​တွေနဲ့ကွဲပြားစွာ 6နှစ်​တကြိမ်​ ​လေးနှစ်​တကြိမ်​မျိုးမဟုတ်​ပဲ လက်​ရှိသမ္မတက အိမ်​​ထောင်​ကျသွားတာပဲဖြစ်​ဖြစ်​ တစုံတ​ယောက်​နဲ့ပက်​သက်​မိတာပဲဖြစ်​ဖြစ်​ သမ္မတ​ရွေးချယ်​ပွဲကို ချက်​ခြင်း ကျင်းပပြီး သမ္မတသစ်​ကို ​ရွေးချယ်​ တင်​​မြောက်​ကြ​တော့တယ်

ခုလည်း လက်​ရှိသမ္မတက လွန်​ခဲ့တဲ့တစ်​လက မိန်း က​လေးတစ်​​ယောက်​နဲ့ လက်​ထပ်​မယ်​ဆိုပြီး နှုတ်​ထွက်​ခဲ့တာ​ကြောင့်​ သမ္မတသစ်​​ရွေးချယ်​ပွဲကို ကျင်းပပြီး ​နောက်​ဆုံးအဆင့်​ကို သမ္မတ​လောင်းသုံး​ယောက်​က ​ရောက်​ရှိလာပြီ​ပေါ့

သမ္မတ​လောင်းအဖြစ်​​ရွေးချယ်​ခံရတဲ့ ဇကာတင်​ သုံး​ယောက်​က ​နောက်​ဆုံးအဆင့်​ ​ရွေးချယ်​ပွဲအတွက်​ ကျန်းမာ​ရေးစစ်​​ဆေးမှု​နောက်​ဆုံးအကြိမ်​ပြုလုပ်​​နေကြတယ်​ အဓိကစစ်​​ဆေးတာက​တော့ လူပျိုစစ်​မစစ်​​ပေါ့ ​နောက်​ဆုံးဇကာတင်​ သုံး​ယောက်​က​တော့

M နိုင်​ငံ သမ္မတ​ဟောင်း​မြေး စစ်​မင်းအခရာ

Mနိုင်​ငံရဲ့ အကြီးဆုံးစီးပွား​ရေးပိုင်​ရှင်​ဖြစ်​တဲ့ ဇ empireရဲ့အကြီးဆုံးသား ဇ​လေ့မင်းထင်​ နဲ့

Mနိုင်​ငံရဲ့ အ​ငယ်​ဆုံး​နဲ့ အထက်​မြက်​ဆုံး​ရှေ့​နေ့ သုခလင်းရိပ်

"ဘယ်​လိုလဲ ဇ ရင်​ခုန်​​နေပြီလား"

သုံး​ယောက်​လုံးက ​ငယ်​သူငယ်​ချင်း​တွေမလို့ ခုလိုယှဉ်​ပြိုင်​တာလည်း သုံး​ယောက်​လုံး​ ​ပေါ့​ပေါ့ ပါးပါးဖြစ်​​နေတာ​ပေါ့ သုံး​ယောက်​လုံးက Mနိုင်​ငံ မှာ အ​ကျော်​ကြားဆုံး ပျိုတိုင်းကြိုက်​တဲ့နှင်းဆီခိုင်​ကြီး​တွေ

"ငါက​တော့ အိမ်​က​ကြောင့်​သာ ငါ့သ​ဘောအရသာဆိုသမ္မတမဖြစ်​ချင်​ဘူး ခုထိငါ့ရဲ့လူပျိုဘဝ​လေးကို ထိန်းသိမ်းထားရတာ ပင်​ပန်း​နေပြီ"

"အမယ်​ သုခလင်းရိပ်​တို့က လူကသာ​သေးတာ ခုကတည်းက ​ပွေရှုပ်​ချင်​​နေပြီ"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now