အခန်း(11)

5.5K 519 42
                                    

ဝေ​ဝေဝါးဝါး မြင်​​နေရတဲ့ အဆုံးမရှိတဲ့ လွင်​ပြင်​ကျယ်​ကြီး တခုထဲမှာ အခရာတ​ယောက်​တည်း​လျှောက်​သွား​နေမိတယ်​ ဘယ်​ကိုသွားပြီး ဘယ်​ကိုလာရမလဲဆိုတာလဲမသိဘူး ဘာကိုလိုက်​ရှာ​နေမိမှန်းမသိပင်​မယ့်​ ရှာရမယ်​ဆိုတာ​တော့ အခရာသိ​နေတယ်​ အဲအချိန်​မှာ အခရာနားထဲကို အသံ​သေး​သေး​လေး​တွေက အလုအယက်​ဝင်​လာ​တော့တယ်

"အစ်​ကို အစ်​ကို့ကို ကြာ​လေးက​စောင့်​​နေမှာ"

"ဘယ်​ဘဝ​တွေ​ရောက်​​ရောက်​ ဘာ​တွေပဲဖြစ်​​နေဖြစ်​​နေ ကြာ​လေးက အစ်​ကိုတ​ယောက်​ထဲရဲ့ပိုင်​ဆိုင်​မှုပဲဖြစ်​ရမယ်​"

"ကြာ​လေး လွမ်း​နေပြီ​လေ အစ်​ကိုရယ်​"

"ကြာ​လေးဆီမလာ​တော့ဘူးလား အစ်​ကို"

ဝမ်းနည်းတဲ့အသံ​လေး​တွေနဲ့​ပြော​နေတဲ့ စကားသံ​တွေကိုကြားရတာ အခရာ ရင်​ဘတ်​ထဲ​တောင်​ ​အောင့်​တက်​လာ​တော့တယ်​ အခရာအသံ​တွေကို ဆက်​နား​ထောင်​စွမ်းမရှိ​တော့တာ​ကြောင့်​ နားနားဖက်​ကို ပိတ်​ပြီး ထိုင်​ချလိုက်​မိ​တော့တယ်​ ဘယ်​​လောက်​ပဲ မကြားရ​အောင်​လုပ်​လုပ်​ အသံ​တွေက အခရာရဲ့နှလုံးသား​တွေထိ​အောင်​ပျံနှံ့​နေ​တော့တယ်

"ကြာ​လေးက အစ်​ကို့ကိုချစ်​တယ်​"

"သတိရတယ်​ အစ်​ကို"

"​တော်​ပါ​တော့ ​တော်​ပါ​တော့ အသံ​တွေမကြားရပါနဲ့​တော့ ​တောင်းပန်​ပါတယ်​ ​တောင်းပန်​ပါတယ်​"

အခရာ ပါးစပ်​က​နေ​အော်​ဟစ်​ရင်း နားကို ပိတ်​ထားလိုက်​တဲ့အချိန်​မှာ အခရာ ​ဘေးမှာ က​လေး​လေးတ​ယောက်​ထွက်​​ပေါ်လာ​တော့တယ်

"ခုချိန်​ထိ ကိုယ့်​ကိုယ်​ကို အပြစ်​တင်​ပြီး နာကျင်​​နေတုန်းလား ခမည်း​တော်​"

"ခမည်း​တော်​"

"ဘဝ​ပေါင်း​တွေအများကြီး ကြာသွား​တော့ ခမည်း​တော်​က မယ်​မယ်​နဲ့ သား​တော်​ကို မမှတ်​မိ​တော့ဘူး​ပေါ့"

ခ​လေး​လေး​ပြောတာ​တွေ အခရာ နားမလည်​ပင်​မယ့်​ ခ​လေး​လေးကိုကြည့်​ရင်း​နွေး​ထွေးလာသလိုခံစား​ရတာ​ကြောင့်​ ခ​လေး​လေးကို ထိကြည့်​ဖို့ကြိုးစားလိုက်​မိတယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now