အခန်း(55)

2.4K 203 8
                                    

နန္ဒဆီမှာ အဖမ်းခံရတဲ့ ဒီတပါတ်​အတွင်းမှာ သမား​တော်​ဆိုတာ သင်္ခရဲ့တဲမှာ လာ​နေရ​လောက်​​အောင်​ထိ နန္ဒရဲ့ ကြမ်းတမ်းမှု​တွေက တ​နေ့တခြား ပိုပိုဆိုးလာ​တော့တယ်​ သင်္ခ နည်းနည်း​လေး အပြင်​ကို​ငေးကြည့်​လိုက်​တာနဲ့ သူ့ဆီကထွက်​​ပြေးမလို့ စိတ်​ကူး​နေတယ်​ဆိုပြီး ကြာပွတ်​နဲ့ မထင်​ရင်​မထင်​သလို အရိုက်​ခံရသလို တခါတ​လေကြရင်​ လူမဆန်​စွာ ရက်​ရက်​စက်​စက်​အသိမ်းပိုက်​ခံရ​သေးတယ်

ခုလည်း မ​နေ့ညက မွန်းကြပ်​​နေသလိုခံစားရလို့ တဲထဲမှာ လမ်း​လျှောက်​ရင်း တဲအပြင်​ကို လှမ်း ကြည့်​မိတာမလို့ နန္ဒရဲ့ ​ဒေါသ​တွေကိုခံလိုက်​ရတဲ့ သင်္ခက သတိ​မေ့​မျော​နေတာမလို့ သမား​တော်​​တွေ ​ချွေးပြန်​​နေ​တော့တယ်

အရင်​​နေ့ကဒဏ်​​တွေပါ​ပေါင်းပြီး ကိုယ်​​တွေလည်း အရမ်းပူ​နေပြီး နှုတ်​ခမ်း​တွေကလည်း ဖြူ​ဖျော့​နေ​တော့တယ်

"ဒီ​နေ့မှ သူသတိပြန်​မရလာရင်​ မင်းတို့အကုန်​​သေရမယ်​"

သမား​တော်​​တွေမှာလည်း အိမ်​​ရှေ့စံစကား​ကြောင့်​ ပစ္စည်း​တွေ​တောင်​ ပြုတ်​ကျကုန်​တဲ့အထိ​ကြောက်​လန့်​သွားမိတယ်​ အရင်​​နေ့​တွေထဲက အကြိမ်​ကြိမ်​သတိ​ပေးပင်​မယ့်​ ဒီလူငယ်​​လေးကိုဘာအညှိုးနဲ့ အိမ်​​ရှေ့စံက နှိပ်​စက်​​နေလဲမသိဘူး တစက်​​လေးမှအ​လျော့မ​ပေးသလို တစ်​ရက်​ထက်​တစ်​ရက်​လည်း ပိုပိုပြီး ကြမ်းတမ်းလာ​နေတယ်​​လေ လူငယ်​​လေးခန္ဓာကိုယ်​ အစိတ်​အပိုင်း​တွေမှာ ဒဏ်​ရာမရှိတဲ့​နေရာမရှိ​အောင်​ အိမ်​​ရှေ့စံက ​တော်​​တော်​​လေး​ကြောက်​ဖို့​ကောင်း​နေ​တော့တယ်

တဲအပြင်​ကို ထွက်​ပြီး နန္ဒ ​တောစပ်​နားက ​ရေကန်​​ဘေးမှာထိုင်​ရင်း သစ်​ပင်​ကို လက်​သီးနဲ့ထိုးလိုက်​မိတယ်​ သူမလုပ်​ချင်​ပါဘူး ဒါပင်​မယ့်​ တခုခုဆို ​ဒေါသမထိန်းနိုင်​ပဲ လုပ်​လိုက်​မိတာ ​ဒေါသထွက်​ရင်​ မထိန်းချုပ်​နိုင်​တဲ့ သူကိုယ်​သူ အရမိးကိုမုန်းမိတယ်​သူသတိပြန်​ဝင်​လာလို့ ကြည့်​လိုက်​ရင်​ အဖြူ​လေးက သူ့​အောက်​မှာ ​သွေး​တွေနဲ့ သတိ​မေ့​နေပြီ​လေ

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now