အခန်း(49)

2.5K 219 7
                                    

သင်္ခ လုပ်​ရမယ့်​အစီအစဉ်​​တွေကို ​သေချာစီစဉ်​ပြီး ဦး​လေးရန်​ကို ညွှန်​ကြားပြီးတာနဲ့ ထိုင်​ခုံမှာ စိတ်​ပျက်​လက်​ပျက်​ထိုင်​ချလိုက်​​တော့တယ်

"အစီအစဉ်​​တွေသာ ထင်​ထားသလိုဖြစ်​ရင်​ ဒီ လပိုင်း အတွင်း ညီငယ်​​လေးနန်းတက်​ပြီး ငါလည်း နန္ဒဆီအ​ရောက်​သွားနိုင်​​တော့မှာပဲ ငါတို့နီးစပ်​ဖို့​တော့ နီးလာပါပြီ နန္ဒ "

မကြာခင်​ ညီငယ်​​လေးရှိတာ ပြည်​သူ​တွေအကုန်​သိတာနဲ့ အမတ်​​တွေနဲ့တိုင်​ပင်​ပြီး ထီးနန်းကို ပြန်​သိမ်းပြီး ညီငယ်​​လေးကို နန်းလွှဲဖို့ ဖိအား​ပေးရမယ်​​လေ မြန်​မြန်​စီစဉ်​မှ​တော့ရမှာ မဟုတ်​ရင်​ ညီငယ်​​လေးက လက်​ထပ်​ထိမ်းမြားရလိမ့်​မယ်

နောက်​​နေ့မနက်​​ရောက်​တာနဲ့ သင်္ခ​ခြေလှမ်း​တွေက နန္ဒ ရှိမယ့်​ မြို့ပြင်​​တောစပ်​က ကန်​​ဘောင်​ကို ဦးတည်​လိုက်​​တော့တယ်

ကန်​​ဘောင်​​ပေါ်ထိုင်​ပြီး ​ရေထဲကို​ငေးစိုက်​ကြည့်​​နေတဲ့ နန္ဒနားကို တဖြည်းဖြည်းကပ်​လိုက်​ပြီး မျက်​လုံးကိုမှိတ်​လိုက်​​တော့ သင်္ခလက်​ကို ပြန်​ဆုပ်​ကိုင်​လာပြီး

"အဖြူ​လေး"

"နန္ဒ ​ရောက်​​နေတာကြာပြီလား"

"ကိုယ်​ ညကတည်းက ဒီမှာရှိ​နေတာ"

"ဘယ်​လို မင်းညက တည်းခိုခန်းမှာ မ​နေဘူးလား"

"အင်း မင်းကိုပဲ ​စောင့်​​နေချင်​တာ"

သင်္ခ နန္ဒ ကိုယ်​​လေးကိုဖက်​လိုက်​ပြီး

"ငါလည်း မင်းဆီပဲ လာချင်​​နေတာပါ"

တ​ယောက်​ကို တ​ယောက်​​ပွေ့ဖက်​ထားလိုက်​ရင်း ကြားလူဝင်​မှာစိုးတဲ့အလား ကျစ်​​နေ​အောင်​ဖက်​ထားမိကြ​တော့တယ်

"ဒါနဲ့ မင်းအဆင်​​ပြေရဲ့လား နန္ဒ"

"ကိုယ်​အဆင်​​ပြေပါတယ်​ အဖြူ​လေးရဲ့"

"ငါ ကြားပါတယ်​ ခု ​ရေနက်​နိုင်​ငံရဲ့ တတိယမင်း သားက စစ်​တပ်​အာဏာကိုထိန်းချုပ်​ထားတယ်​ဆို"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now