အခန်း(26)

4.2K 442 43
                                    

စစ်​မင်း နန်း​တော်​က​နေ လက်​​ရွေးစင်​တပ်​သား အ​ယောက်​200နဲ့တိတ်​တဆိတ်​ထွက်​လာလိုက်​တယ်​ နန်း​တော်​က ထွက်​လာတာနဲ့ ​ကောင်းကင်​တခုလုံးမဲ​မှောင်​​နေပြီး မိုး​တွေ​လေ​တွေက ကျလိုက်​ တိတ်​လိုက်​ဖြစ်​​နေတာကိုကြည့်​ရတာနဲ့တင်​ ကြာ​လေးဘယ်​​လောက်​​တောင်​ ဝမ်းနည်း​နေလဲဆိုတာ စစ်​မင်းသ​ဘော​ပေါက်​လိုက်​တယ်​ ကြာ​လေးက စစ်​မင်း ကိုလုံးဝသွား​စေချင်​တာမဟုတ်​ဘူး အိမ်​မက်​​တွေ မ​ကောင်းလို့ စိတ်​ထဲ​နေလို့မ​ကောင်းလို့ ဆိုတဲ့ အ​ကြောင်းပြချက်​​တွေနဲ့ အတင်းတား​နေပင်​မယ့်​ စစ်​မင်း သင်္ခကိုစိတ်​ပူလွန်းလို့ ထွက်​လာလိုက်​ရတာ ဘယ်​လိုမှစိတ်​မ​ဖြောင့်​ဘူး

"အိမ်​​ရှေ့စံ မင်းကြီးစစ်​မင်း ထွက်​လာတာမြို့ပြင်​​တောအုပ်​နားကို​ရောက်​​တော့မယ်​လို့ မင်းကြီး မာဃ က အ​ကြောင်းကြားထားပါတယ်​ သူတို့ အဖွဲ့ နန်း​တော်​ကိုသွားပြီမလို့ မင်းသားကို အ​ကြောင်းကြားတာပါ"

"သိပြီ တပ်​ဖွဲ့​တွေအသင့်​ပြင်​ထား"

တောအုပ်​ထဲမှာ ​ထောင်​​ချောက်​​တွေအပြည့်​စီစဉ်​ထားသလို မြှားတပ်​ဖွဲ့​တွေလည်း အပြည့်​ စီစဉ်​ထားခဲ့တာ ခုချိန်​ဆို မင်းကြီးမာဃ အဖွဲ့က နန်း တွင်း က သူတို့အတွင်းလူ​တွေနဲ့ပူ​ပေါင်းပြီး နန်း​တော်​ကို စတင်​ တိုက်​ခိုက်​သိမ်းပိုက်​​နေပြီ​လေ

တ​ရွှေ့​ရွေ သတိနဲ့ ချည်းကပ်​လာ​နေတဲ့ မင်းကြီးစစ်​မင်း အဖွဲ့ ​ကြောင့်​ မင်းသားနန္ဒအဖွဲ့​တွေ အသက်​ရူ​အောင့်​ထား​နေရ​တော့တယ်

"ပစ်​"

ပစ်​ကွင်းထဲ ​ရောက်​လာ​တော့မှာ မင်းသားနန္ဒ အမိန့်​​ပေးလိုက်​​တော့ မြှား​တွေက ​ကောင်းကင်​​ပေါ်ကပြန်​ကျဲပီး ကျလာသလို ​ထောင်​​ချောက်​​တွေအကုန်​လုံးပွင့်​သွားတာမလို့ လူတစ်​ရာ​လောက်​ ​သေဆုံးသွား​တော့တယ်

"မင်းကြီး ကိုကာကွယ်​"

မင်းကြီးကို ကာကွယ်​ကြ"

"တိုက်​"

တောအုပ်​ကို ဖြတ်​တဲ့အချိန်​ သတိထား​နေပင်​မယ့်​ ပျံဝဲလာတဲ့ ဓား​တွေ​ကြောင့်​ ​ရော ​ထောင်​​ချောက်​​တွေ​ကြောင့်​ စစ်​မင်းတို့ဖက်​က အထိနာ​တော့တယ်​ စစ်​သည်​​တွေက ကာကွယ်​​နေပင်​မယ့်​ ​တောအုပ်​ထဲက လုပ်​ကြံသူ​တွေက များ​နေတာမလို့ စစ်​မင်း တို့ဖက်​ကတစ်​​ယောက်​ပြီး တစ်​​ယောက်​ ကျဆုံး​နေ​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now