အခန်း(50)

2.6K 204 2
                                    

သင်္ခ ညမိုးချုပ်​တာနဲ့ ​ရေနက်​မိဖုရားကြီးနဲ့ ချိန်း ထားတဲ့ မြို့​မြောက်​ဖက်​တံခါးကိုဦးတည်​လိုက်​​တော့တယ်

မြို့​မြောက်​ဖက်​က တည်းခိုးခန်းကိုသွားဖို့ ဘယ်​သူကိုမှမ​ခေါ်ပဲ လျိုဝှက်​ပြီးထွက်​လာလိုက်​တယ်​ ခုတ​လော ခမည်း​တော်​ကလည်း ​စောင့်​ကြည့်​​နေတာမလို့ သင်္ခအရာရာကို သတိထား​နေရ​တော့တယ်

တည်းခိုးခန်း​ရှေ့​ရောက်​တာနဲ့ အဆင်​သင့်​​စောင့်​​နေတဲ့ ကိုယ်​ရံ​တော်​တစ်​​ယောက်​က ​ခေါ်သွားတာမလို့ လိုက်​သွားလိုက်​​တော့တယ်

"အိမ်​​ရှေ့စံထင်​တယ်​"

အခန်းထဲမှာ နန္ဒနဲ့မျက်​နှာကျပုံခြင်းတူတဲ့ ​တော်​​တော်​​လေး​အေးချမ်းတဲ့ မျက်​နှာပိုင်​ရှင်​ မိန်းမတစ်​​ယောက်​ကို​တွေ့လိုက်​​တော့တယ်

"မိဖုရား​ခေါင်​ကြီး"

သင်္ခအလိုက်​သင့်​ ဂါရဝ ပြုလိုက်​​တော့ မိဖုရား​ခေါင်​ကြီးက အလိုက်​သင့်​ပြုံးပြပြီးထိုင်​ဖို့​ပြောလိုက်​​တော့တယ်

"သား​တော်​​ပြောသလို အိမ်​​ရှေ့စံက ​တော်​​တော်​​လေး ​အေးချမ်းတာပဲ"

"မိဖုရား​ခေါင်​ကြီးလည်း ​တော်​​တော်​​လေး တင့်​ တယ်​ပါတယ်​"

"ကျွန်​​တော်​ကို​ခေါ်တာ မိဖုရား​ခေါင်​ကြီးမှာ ​ပြောစရာ​တွေရှိ​နေတယ်​ထင်​တယ်​"

သင်္ခ စကားစ​ပေးလိုက်​တာနဲ့ မိဖုရား​ခေါင်​ကြီးက ပြုံးလိုက်​ပြီး

"ကျွန်​မက ခု​ရေနက်​ဘုရင်​နန်းတက်​​တော့ သာမာန်​ မိဖုရားငယ်​ တစ်​ပါးပဲရှိ​သေးတယ်​ အဲအချိန်​တုန်း က မိဖုရား​ခေါင်​ကြီးက ​မွေးတဲ့ သား​တော်​ သိဒ္ဓိက အိမ်​​ရှေ့စံအဖြစ်​ရှိ​နေခဲ့တယ်​ ​ရေနက်​နိုင်​ငံရဲ့ နန်း တွင်းက တခြားနိုင်​ငံရဲ့နန်းတွင်း​တွေထက်​ ပိုမိုရှုပ်​​ထွေးပြီး အရမ်းလည်းရက်​စက်​တယ်​ ပြိုင်​ဆိုင်​မှုလည်း အရမ်းများခဲ့တယ်​ နန်းတွင်းမှာ အသက်​ရှင်​ချင်​ရင်​ အာဏာအကြီးဆုံး ဆုပ်​ကိုင်​ထားရတယ်​ သားနန္ဒက ငယ်​ငယ်​​လေးကတည်း က အိမ်​​ရှေ့စံမဖြစ်​ချင်​ခဲ့ဘူး ဒါပင်​မယ့်​ ကျွန်​မအသက်​ရှင်​ဖို့ သူအိမ်​​ရှေ့စံတစ်​​ယောက်​ဖြစ်​လာ​အောင်​ကြိုးစားခဲ့ရတယ်​"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now