အခန်း(25)

4.1K 397 30
                                    

"ကြာ​လေး ပြန်​လာ​တော့ကွာ"

"ကြာ​လေး​ရေ ​နေမ​ကောင်းဖြစ်​လိမ့်​မယ်​"

ကိုယ်​ဝန်​​ဆောင်​ကတည်းက ကြာ​လေးက သူ့ရဲ့ကြာပန်းကြီးဆီသွားပြီး ​နေ​နေ​တော့တယ်​ စစ်​မင်းမှာညီလာခံပြီးတိုင်း ကြာကန်​​ဘေးမှာသွား​ခေါ်​နေရ​တော့တယ်​ ကြာပွင့်​ကြီးနားသွားချင်​ပင်​မယ့်​ ကြာ​လေးရဲ့ ကြာပွင့်​ကြီးက တခြားလူမ​ပြောနဲ့ စစ်​မင်းကိုယ်​တိုင်​​တောင်​ အနားကပ်​မခံ​တော့ဘူး​လေ

"ကြာ​လေး​ရေ"

စစ်​မင်း အာ​ပေါက်​မတက်​ ​အော်​​ခေါ်​နေ​တော့မှ ကြာပွင့်​ကြီးက ကန်​​ဘောင်​​ဘေးကို ​ရွှေ့လာ​တော့တယ်

"အစ်​ကို ဘယ်​လိုဖြစ်​​နေတာလဲ"

ငါးလ​ကျော်​လာပြီဖြစ်​တဲ့ ကိုယ်​ဝန်​​လေးနဲ့ ကြာ​လေးက အရမ်းကို စိတ်​ဆတ်​လာပြီး စစ်​မင်းကို​တောင်​ အစ်​ကိုလို့ပဲ ပြန်​​ခေါ်​တော့တယ်

ခုလည်းကြည့်​ပါလား စစ်​မင်းကို သူ့ကိုလာ​ခေါ်လို့​အော်​​နေတာ​လေ ဘယ်​​လောက်​​တောင်​ အဆိုးအဆာဖြစ်​​နေလဲဆိုတာသာကြည့်​​တော့

"​နေမ​ကောင်းဖြစ်​မှာစိုးလို့​လေ ကြာ​လေးရယ်​"

"ကြာ​လေးကို ​မွေးဖွား​ပေးတဲ့ ကြာပန်းကြီးက ကြာ​လေးကို ​နေမ​ကောင်းဖြစ်​​အောင်​လုပ်​မလား စဉ်းစားကြည့်​ပါအုံး"

"ဖြည်းဖြည်း လာပါ ကြာ​လေးရယ်​"

ကြာ​လေးက စိတ်​ကမြန်​​သေးတယ်​ ခုလဲကည့်​ ကြာပွင့်​ကြီး​ပေါ်က ကြာကန်​​ဘောင်​ကို ခုန်​ကူးလိုက်​​သေးတယ်​​လေ ဘယ်​​လောက်​​တောင်​ အဆိုးအဆာ​လေးလဲ

"စိတ်​မဆိုးပါနဲ့​တော့ ကိုယ်​မှားပါတယ်​ကွာ"

"မင်းကြီး နယ်​စပ်​ စခန်းက အ​ရေး​ပေါ်သတင်း​ရောက်​လာပါတယ်​"

နန်းတွင်း​စောင့်​တပ်​မှုးကအ​ကြောင်းကြားတာ​ကြောင့်​ စစ်​မင်းသက်​ပြင်းသာချလိုက်​မိ​တော့တယ်​ ခုတ​လော နယ်​စပ်​​ရေးရာကိစ္စ​တွေအရမ်းကို ရှုပ်​​ထွေးလာတယ်​​လေ နယ်​စပ်​စစ်​စခန်း​တွေ သိမ်း ပိုက်​ခံရတာလဲ တခု နှစ်​ခုမက​တော့ဘူး​လေ စစ်​မင်း နယ်​စပ်​ကို သွားချင်​ပင်​မယ့်​ ကြာ​လေး​ကြောင့်​ သည်းခံ​နေတာ စစ်​မင်းအစားအရင်​တပါတ်​က သင်္ခ ထွက်​သွားတာ​လေ

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now