အခန်း(4)

6.4K 624 19
                                    

အခရာ အခန်းထဲမှာ ကြာငယ်​​လေးနဲ့ ​ပျော်​ရွှင်​​နေပင်​မယ့်​ တကမ္ဘာလုံးက ဝုန်းဒိုင်းကြဲ​နေ​တော့တယ်​ တိုးတက်​​နေတဲ့ 22ရာစုမှာ ကြာပန်းတခုထဲက လူသားတ​ယောက်​ထွက်​​ပေါ်လာတဲ့ကိစ္စ ကအရမ်းကိုထူးဆန်း​နေတယ်​​လေ တကမ္ဘာလုံးက သိပ္ပံပညာရှင်​​တွေက Mနိုင်​ငံ ကိုလာပြီး ကြာပန်းလူသား​လေးနဲ့ ​ရေကန်​ကြီးကို လာ​လေ့လာ စမ်းသပ်​ချင်​​နေကြတယ်​ Mနိုင်​ငံကိုလာဖို့ ဗီဇာကိစ္စ​တွေ အသဲအသန်​လုပ်​​ဆောင်​​နေတာ​ကြောင့်​ နိုင်​ငံတကာသံရုံး​တွေလည်း အလုပ်​များ​နေကြ​တော့တယ်

နိုင်​ငံတကာကသမ္မတ​တွေကလဲ Mနိုင်​ငံကို လာ​ရောက်​လည်​ပါတ်​ဖို့ အ​ကြောင်းကြားစာ​တွေပို့​နေတာ​ကြောင့်​ သမ္မတအိမ်​​တော်​နဲ့ နိုင်​ငံခြား​ရေးဝန်​ကြီး ဌာန​တွေပါ ရှုတ်​ရှပ်​ခတ်​​နေ​တော့တယ်

"သမ္မတကြီး"

အခရာ ကြာငယ်​​လေးနဲ့ ရီ​မော​နေတုန်း အင်​တာကွန်​က ရုတ်​တရက်​ထွက်​လာတဲ့အတွင်း​ရေးမှုးအသံ​ကြောင့်​ ကြာငယ်​​လေးရဲ့မျက်​လုံးပြာပြာ​လေးက အခရာဆီ​ရောက်​လာပြီး အခရာကိုယ်​​ပေါ်ကိုတက်​လာ​တော့တယ်

"​ကြောက်​လို့လား ငယ်​"

ခေါင်းကိုညိမ့်​ပြ​နေတဲ့ ကြာငယ်​​လေး​ကြောင့်​ အခရာပြုံးလိုက်​ပြီး

"Daddyရှိတယ်​​လေ ငယ်​ဘယ်​သူကိုမှ​ကြောက်​စရာမလိုဘူး နားလည်​လားငယ်​"

"ဟုတ်​"

"ဘာကိစ္စလဲ အတွင်း​ရေးမှုး"

"အ​ရေးကြီးကိစ္စ​ဆွေး​နွေးဖို့ မနက်​ကတည်းက ဝန်​ကြီး​တွေ အိမ်​​တော်​မှာ​ရောက်​​နေပါတယ်​"

"ကျွန်​​တော်​ ခန​နေလာခဲ့မယ်​ သုံးနှစ်​အရွယ်​ က​လေးဝတ်​ဖို့အဝတ်​အစားနဲ့ စားဖို့တခုခုစီစဉ်​ထား​ပေးပါ"

"ဟုတ်​ကဲ့ပါ သမ္မတကြီး"

ခုချိန်​ထိ အဝတ်​အစားမပါပဲ ဖင်​​ပြောင်​​ပြောင်​​လေးနဲ့ ဖြူအိ​နေတဲ့ ကြာငယ်​​လေးကို အခရာအသဲ​တွေယား​နေမိတယ်​ တကယ်​ကို ထိလိုက်​ရင်​​တောင်​ ပဲ့​ကြွေသွားမှာစိုးရ​လောက်​​အောင်​ ငယ်​​လေးအသားက နူးညံလွန်းတယ်​​လေ ခုက​လေးအရွယ်​မလို့ ပြသနာမရှိပင်​မယ့်​ ​နောက်​​နေ့အရွယ်​​ပြောင်းတဲ့အချိန်​ အဝတ်​အစားမပါပဲနဲ့ မြင်​ရရင်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now