အခန္​း(51)

2.3K 208 11
                                    

"အမတ်​ချုပ်​ကြီး"

"​ဖေ​ဖေ"

"သမီး"

"သမီးကဘယ်​လိုဖြစ်​လို့ အိမ်​​ရှေ့စံနဲ့"

ထိပ်​ထား အ​ကြောင်းစုံရှင်းပြပြီးတဲ့​နောက်​မှာ

"ခုလိုကူညီ​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ အိမ်​​ရှေ့စံ"

"ရပါတယ်​ ကိုယ်​​တော်​လည်း​နောက်​ကျ​နေပြီမလို့ ခွင့်ပြုပါအုံး"

အမတ်​ချုပ်​ကြီးအိမ်​​တော်​က​နေ ပြန်​လာတဲ့တ​လျှောက်​မှာ သင်္ခ ​ရှေ့ဆက်​လုပ်​ရမယ့်ကိစ္စ​တွေကိုစဉ်းစားလာ​တော့တယ်​ သူ​သေ​သေချာချာ ဆုံးဖြတ်​ရမယ့်အချိန်​ကို​ရောက်​​နေပြီ​လေ သူဆုံးဖြတ်​ချက်​မှားတာနဲ့ သူချစ်​ရတဲ့ နန္ဒ​ရော ပြီး​တော့ ​ကျေးဇူး​ကျွေးဆပ်​ရမယ့် ညီငယ်​​လေးကို​ရော သူလက်​လွတ်​ဆုံးရှုံးရလိမ့်မယ်​​လေ

သင်္ခဆုံးဖြတ်​ချက်​ချပြီးတာနဲ့ နန္ဒဆီကို ခိုစာပို့လိုက်​ရင်း ချိန်းလိုက်​​တော့တယ်​

​"အဖြူ​လေး"

သူ့ဆီကို​ပြေးလာတဲ့ နန္ဒကို မ​တွေ့ရတဲ့ရက်​​တွေအတွင်းမှာ အရမ်းကိုလွမ်းဆွတ်​​နေမိ​တော့တယ်​ သူ့​ရှေ့​ရောက်​တာနဲ့ သူ့ကို​ပြေးဖက်​လိုက်​တဲ့ နန္ဒကို ပြန်​မဖက်​ပဲ သင်္ခလက်​သီးကို ကျစ်​​နေ​အောင်​ဆုပ်​ထားလိုက်​မိ​တော့တယ်​

"အဖြူ​လေး"

"ငါလက်​ထပ်​​တော့မယ်​ နန္ဒ"

"ဘာ​ပြော ဘာ​ပြောလိုက်​တယ်​ အဖြူ​လေး"

"ငါ လက်​ထပ်​​တော့မယ်​"

"မင်း ​နောက်​​နေတာလား အဲလိုမျိုး​တော့ ကိုယ့်ကိုမ​နောက်​ပါနဲ့ မင်းခမည်း​တော်​သိသွားလို့လား ကိုယ်​တို့ထွက်​​ပြေးကြမယ်​​လေ ကိုယ်​နဲ့ မင်းနဲ့နှစ်​​ယောက်​ထဲထွက်​​ပြေးကြမယ်​​နော်​ ​နော်​ အဖြူ​လေး"

သူ့လက်​​မောင်း​တွေကိုဆုပ်​ကိုင်​ပြီး ​ပြော​နေတဲ့ နန္ဒလက်​​တွေကိုဆွဲဖယ်​လိုက်​ပြီး

"ငါ မိန်းက​လေးတစ်​​ယောက်​အ​ပေါ်လွန်​ကျူးမိသွားပြီ နန္ဒ ငါလက်​ဆက်​မှရ​တော့မယ်​"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now