အခန်း(9)

5.3K 634 54
                                    

"ဒါဆိုရင်​ အဲအတိုင်းပဲ​သေချာစီစဉ်​ပါ မကြာခင်​ ကျင်းပမယ့်​ လက်​ထပ်​မင်္ဂလာပွဲနဲ့ နိုင်​ငံ​တော်​အဆင့်​ အားကစားပြိုင်​ပွဲ​တွေအတွက်​ သက်​ဆိုင်​ရာ ဝန်​ကြီး​ဌာနက ဝန်​ကြီး​တွေ ​သေချာစီမံပါ လိုအပ်​ချက်​မရှိပါ​စေနဲ့"

"ဟုတ်​ကဲ့ပါသမ္မတကြီး"

ရုတ်​တရက်​ ဝင်းခနဲဖြစ်​လာတာ​ကြောင့်​ အခရာ အစည်းအ​ဝေးလုပ်​​နေရင်း အပြင်​ကိုကြည့်​လိုက်​မိတယ်

"လျှပ်​စီးလက်​​နေတာလား"

ရေးက အခရာအ​မေး​ကြောင့်​ ပြတင်းမှာကာထားတဲ့ လိုက်​ကာကို ဖယ်​လိုက်​​တော့ တကယ်​ကိုလျှပ်​စီး​တွေလက်​ပြီး မိုး​တွေရွာ​နေတာ

"ကြာငယ်​​လေး ကြာငယ်​​လေး ဘယ်​မှာလဲ"

ဒီ​နေ့အခရာ အစည်းအ​ဝေးသွားမယ်​ဆို​တော့ အိပ်​ရာထဖို့ပျင်း​နေတဲ့ 15နှစ်​အရွယ်​ ကြာပန်းအခရာ​လေးက အိပ်​ရာထဲမှာ အိပ်​ပြီး ကျန်​​နေခဲ့​တော့တယ်​ အိပ်​ရာနိုးလာရင်​ ​ခေါ်လာခဲ့ဖို့ အတ္တကို ​သေချာမှာထားပင်​မယ့်​ အဆိုး​လေးက အခရာဆီမလာပဲ အိမ်​​တော်​ရဲ့ဝန်​ထမ်းသားသမီး​တွေနဲ့ အိမ်​​တော်​ကစားကွင်းမှာ ကစား​နေ​ကြောင်း အတ္တက အ​ကြောင်းကြာလာ​တော့တယ်

"​ရေး ခုချက်​ခြင်းအတ္တကို ဆက်​သွယ်​ မြန်​မြန်​"

"ဆက်​သွယ်​လို့မရဘူးဖြစ်​​နေတယ်​ သမ္မတကြီး"

အခရာ အစည်းအ​ဝေးခန်းထဲက​နေ​ပြေးထွက်​ပြီး အိမ်​​တော်​ရဲ့ ကစားကွင်းဆီ​ပြေးသွားလိုက်​မိ​တော့တယ်​ အခရာ​နောက်​မှာလည်း သက်​​ဆော်​​စောင့်​အဖွဲ့နဲ့ ​ရေးတို့က အ​ပြေးအလွှား​ပြေးလိုက်​လာတာ​ကြောင့်​ ရုတ်​ရုတ်​သဲသဲဖြစ်​သွား​တော့တယ်

"ငယ်​ ငယ်​ ဘယ်​မှာလဲ"

ကစားကွင်း​ရောက်​​တော့ ကစား​နေတဲ့ က​လေး​တွေကလွဲရင်​ ငယ့်​ကိုရှာမ​တွေ့တာ​ကြောင့်​ အခရာရဲ့စိုးရိမ်​စိတ်​တို့ ပိုတိုးလာမိ​တော့တယ်

"သမ္မတကြီး ကြင်​ယာ​တော်​က လွန်​ခဲ့တဲ့ ဆယ့်​ငါးမိနစ်​ကပဲ ကိုယ်​ရံ​တော်​အတ္တနဲ့ အိမ်​​တော်​ဖက်​ကိုပြန်​သွားတယ်​​ပြောပါတယ်​"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now