အခန်း(28)

4.3K 409 20
                                    

"ဒါကြီး မဝတ်​ချင်​ပါဘူးဆို ရာရာကလဲ"

ဒီ​နေ့က Mနိုင်​ငံရဲ့ သမ္မတရဲ့ မင်္ဂလာပွဲ​နေ့မလို့ နိုင်​ငံတကာက သမ္မတ​တွေ ဝန်​ကြီးချုပ်​​တွေ နဲ့ သံတမာန်​​တွေပါ Mနိုင်​ငံမှာ​ရောက်​ရှိ​နေကြပြီ​လေ

ခုဖြစ်​​နေတဲ့ ပြသာနာက​တော့ ကြာငယ်​​လေးက သူ့အတွက်​စီစဉ်​ထားတဲ့ သတိုးသားဝတ်​စုံကို မဝတ်​ချင်​ဘူးဆိုပြီး ဂျီကျ​နေတဲ့ အသံ​လေးပါပဲ

"ဘာလို့လဲငယ်​ရယ်​ ကိုယ်​ကငယ့်​အတွက်​​သေချာစီစဉ်​ထားတာကို

"ငယ်​က ရာရာလိုအနက်​​ရောင်​ ပဲဝတ်​ချင်​တာ"

အခရာက အနက်​​ရောင်​suiteမှာ သမ္မတအ​ဆောင်​အ​ယောင်​​တွေအဖြစ်​နဲ့ ​ရွှေစလယ်​နဲ့ ရင်​ဘတ်​မှာလဲ ဆုတံဆိပ်​​တွေကို တပ်​ဆင်​ထားတယ်​​လေ အင်္ကျီ လက်​အနားကို စိန်​ကြယ်​သီး​တွေနဲ့အလှဆင်​ထားပြီး ​ကော်​လံမှာပါ စိန်​​တွေ တပ်​ထားတာမလို့ ဝတ်​စုံက အခရာနဲ့​တော်​​တော်​လိုက်​ဖက်​ပြီး ခန့်​ ညား​နေတယ်​​လေ

ကြာငယ်​​လေးအတွက်​က သူ့အကြိုက်​ဆုံးအ​ရောင်​ဖြစ်​တဲ့ အဝါနု​ရောင်​​ဖျော့​ဖျော့​လေးကို ​ကော်​လံ​တွေ လက်​အနား​လေး​တွေမှာ အခရာနဲ့ဆင်​တူ စိန်​ပွင့်​​လေး​တွေနဲ့အလှဆင်​ထားပြီး ရင်​ဘတ်​မှာလဲ ကြာပန်းပုံ ရင်​ထိုး​လေးနဲ့ အလှဆင်​ထား​သေးတယ်​ ကြာငယ်​​လေးဝတ်​တဲ့အချိန်​မှာ အရမ်းကိုချစ်​ဖို့​ကောင်းလွန်းလို့ အခရာမှာ မျက်​စိ​တောင်​မလွှဲနိုင်​​အောင်​ဖြစ်​​နေရ​တော့တယ်​ အဲဒါကို အခရာနဲ့ အကျီဆင်​တူမဖြစ်​လို့ဆိုပြီး ငယ်​​လေးက အတင်း ကိုဂျီကျ​နေ​တော့တာ

မျက်​ခွံ​လေး​တွေပါရဲလာပြီး မျက်​ရည်​​လေး​တွေပါဝဲလာတာ​ကြောင့်​ အခရာမှာ ​ခြေမကိုငိမှီ လက်​မကိုင်​မှီဖြစ်​​နေ​တော့တယ်

"သားငယ်​​လေး ဘာဖြစ်​လို့လဲ"

"​မေ့"

မေ​မေ အခန်းထဲဝင်​လာတာနဲ့ ကြာငယ်​​လေးက ​မေ​မေဆီသွားပြီး ​မေ​မေကိုဖက်​ထား​တော့တယ်

"သား မင်းဘာလုပ်​လိုက်​တာလဲ က​လေးကို မင်္ဂလာ​ဆောင်​မယ့်​​နေ့ကြီးမှာ မျက်​ရည်​ကျ​အောင်​လို့"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now