အခန်း(20)

4.5K 427 22
                                    

တ​ဝေါ​ဝေါရွာသွန်း​နေတဲ့ မိုး​တွေက ကြာ​လေးဘယ်​​လောက်​​တောင်​ ဝမ်းနည်း​နေတယ်​ဆိုတာကို​ဖော်​ပြ​နေသလိုပဲ

"အစ်​ကို"

"အစ်​ကို ကြာ​လေးကို အဲလိုမျိုးထားခဲ့လို့မရဘူး​နော်​"

တစ်​ကိုယ်​လုံးဖြူ​ဖျော့​နေတဲ့ အစ်​ကိုက ကြာ​လေးရင်​ခွင်​ထဲမှာ ကြာ​လေးကို တစ်​စက်​​လေးမှမျက်​လုံးဖွင့်​မကြည့်​​တော့ဘူး​လေ

"အစ်​ကို့ကို ကြာ​လေးက ဘယ်​လိုမှ လက်​လွတ်​မှာ မဟုတ်​ဘူးအစ်​ကို အစ်​ကို ကြာ​လေးခွင့်​မပြုပဲ ​သေလို့မရဘူးဆိုတာ အစ်​ကို သိရဲ့လား "

အရူး​လေးတ​ယောက်​လို ​အစ်​ကို့ကိုကြည့်​ပြီး ကြာ​လေး ​အော်​ဟစ်​ပစ်​လိုက်​မိ​တော့တယ်​ ကြာ​လေး အစ်​ကို့မျက်​နှာကို ​သေချာ​လေး ​ငေးကြည့်​ရင်း

"အစ်​ကို့ကို ကြာ​လေးက ကယ်​မယ်​​နော်​ အစ်​ကိုက ဘယ်​​တော့မှာ ကြာ​လေးနားက ဘယ်​ကိုမှ မသွားရ​တော့ဘူး​နော်​"

"ကြာ​လေး တခုခုဖြစ်​သွားရင်​​တောင်​ အစ်​ကို့ကို ကြာ​လေးရ​အောင်​ ကယ်​မယ်​"

ကြာ​လေး အစ်​ကို့ကိုယ်​​လေးကို အသာ​လေး ​အောက်​ကို ချလိုက်​ပြီး မျက်​လုံးကိုမှိတ်​ချလိုက်​​တော့တယ်

ကြာပန်းနို်​ငံ​တော်​ရဲ့ ညီလာခံခန်းမနဲ့ နန်းရင်​ ပြင်​မှာ ညဖက်​က မိုးအကြီးအကျယ်​ရွာသွန်းခဲ့ပင်​မယ့်​ ခု​တော့ အိမ်​​ရှေ့စံ အပ်​နှင်းပွဲ အခမ်းအနားကျင်း ပမှာမလို့ နန်းတွင်းတခုလုံး သက်​ဝင်​လှုပ်​ရှား​နေ​တော့တယ်​ နန်း​တော်​ရင်​ပြင်​မှာလည်း ကြိုဆိုဧည့်​ခံ​ရေးအဖွဲ့ ​တွေကလဲ နိုင်​ငံတကာက လာတဲ့ သံတမာန်​အဖွဲ့​တွေကို ဧည့်​ခံ​နေကြသလို စား​သောက်​ဖို့လည်း ​သေချာစီမံ​နေကြ​တော့တယ်

နန်းရင်​ပြင်​မှာ အမတ်​​တွေ​ရော နိုင်​ငံတကာသံအမတ်​​တွေ​ရော မင်းကြီးပါ​ရောက်​ရှိ​နေပင်​မယ့်​ ဒီ​နေ့ရဲ့ အဓိကလူဖြစ်​တဲ့ မင်းသားစစ်​မင်းသစ္စာ ရဲ့အရိပ်​အ​ယောင်​​တောင်​မ​တွေ့ရတာ​ကြောင့်​ တိုးတိုးနဲ့ ​မေး​နေကြ​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now