အခန်း(36)

3.2K 322 14
                                    

"သမ္မတကြီး ဘာ​ပြောလိုက်​တာလဲ"

အခရာ သူ့ရင်​ခွင်​ထဲမှာတုန်​​နေတဲ့ ကြာငယ်​​လေးကို​ပွေ့ချီလိုက်​ပြီး ​ရှေ့ကအညို​ရောင်​ဝတ်​စုံဝတ်​ထားတဲ့လူကြီး ကို​ကျောခိုင်းပြီးထွက်​လာလိုက်​​တော့တယ်

"ရာရာ သူသူ"

"ဘာမှမဖြစ်​ဘူး ငယ်​ ကိုယ်​ရှိတယ်​ သူကကိုယ်​တို့ကို မ​နှောင့်​ယှက်​နိုင်​ဘူး"

"အိမ်​ပြန်​မယ်​ အိမ်​ပြန်​မယ်​ ရာရာ ဒီမှာမ​နေချင်​ဘူး"

"ဟုတ်​ပြီ​နော်​ ကိုယ်​နဲ့ အိမ်​ပြန်​ကြမယ်​​နော်​ ငယ်​ မ​ကြောက်​နဲ့ ငယ့်​နားမှာ ကိုယ်​ရှိတယ်​"

သူ့ကို.​ကျောခိုင်းထွက်​သွားတဲ့ သမ္မတနဲ့ သမ္မတက​တော်​ကိုကြညိ့လိုက်​ပြီး အညို​ရောင်​ဝတ်​စုံနဲ့ လူက ပြုံးလိုက်​တာကို​တော့ ဘယ်​သူမှမမြင်​လိုက်​ကြ​တော့ဘူး​လေ

အပန်း​ဖြေစံအိမိ​ရောက်​တဲ့အထိကို အခရာကိုယ်​​ပေါ်ကမဆင်းပဲ အခရာကို တင်းတင်းကြပ်​ကြပ်​ဖက်​ထားတဲ့ ငယ်​​ကြောင့်​ အခရာလဲအလိုက်​သင့်​သာပြန်​ဖက်​ထားလိုက်​​တော့တယ်

"ဘာ​တွေဖြစ်​လာတာလဲ အခရာ"

"ငယ်​ သူမကြိုက်​တဲ့လူတစ်​​ယောက်​ကို ​တွေ့လာလို့ "

"ကြာငယ်​​လေး"

"အိမ်​ပြန်​မယ်​ ဒီမှာ မ​နေချင်​ဘူး"

"ဟုတ်​ပြီ ပြန်​မယ်​​နော်​ ကိုယ်​စီစဉ်​ခိုင်းလိုက်​မယ်​"

"လင်းရိပ်​ တချက်​​လောက်​ စီစဉ်​ခိုင်းလိုက်​ အိမ်​​တော်​ပြန်​မယ်​"

"​ကောင်းပြီ"

လင်းရိပ်​ သက်​​တော်​​စောင့်​​ခေါင်း​ဆောင်​ကို ဆက်​သွယ်​ပြီး ထွက်​ခွာဖို့​ပြောလိုက်​​တော့တယ်​ လင်းရိပ်​ ကြာနီကန်​ကြီးနားကိုဖြတိ​လျှောက်​လိုက်​တဲ့အချိန်​ လင်းရိပ်​ရဲ့ အာရုံကိုဖမ်းစားလိုက်​တဲ့ ကြာပန်းနီ​လေး​ကြောင့်​ လင်းရိပ်​​ခြေလှမ်း​တွေက ကန်​ဖက်​ကို ပြန်​​ရောက်​သွား​တော့တယ်

အရမ်းကိုလှပ​နေတဲ့ ကြာနီတပွင့်​ ကြာနီ​တွေအများကြီးထဲမှာမှ သူတပွင့်​ထဲက ထူးပြီးပဲ လင်းရိပ်​ကို ဆွဲ​ဆောင်​​နေ​တော့တယ်​ လင်းရိပ်​ လက်​​တွေက သတိမထားမိပဲ ကြာနီ​လေးကို ခူးဆွတ်​လိုက်​မိ​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now