အခန်း(7)

6K 560 19
                                    

"သွားမယ်​ သွားမယ်​"

ဆွေး​နွေးပွဲပြီးတာနဲ့ ကြာငယ်​​လေးကို ကတိ​ပေးထားတဲ့အတိုင်း ကစားကွင်းလိုက်​ပို့ရ​တော့တယ်​ ကြာငယ်​​လေးကို လိုက်​ပို့မယ်​လို့ ​ပြောလိုက်​ကတည်းက အတွင်း​ရေးမှုး​ ​ရေး က ကစားကွင်းကို ပိတ်​ခိုင်းထားလိုက်​ပြီး လုံခြုံ​ရေးအပြည့်​ချထားလိုက်​​တော့တယ်

ခုချိန်​မှာ ကစားကွင်းတခုလုံး သမ္မတအိမ်​​တော်​သက်​​တော်​​စောင့်​အဖွဲ့​တွေရယ်​ အခရာရယ်​ ကြာငယ်​​လေးရယ်​သာရှိ​တော့တယ်​​လေ

"တခြားသူ​တွေ​ရော"

"ဟင်​"

"ခုနက လူ​တွေအများကြီးရှိတယ်​ ပြီး​တော့ ထင်​ထင်​ပြတဲ့ videoမှာလည်း အများကြီး​ဆော့​နေကြတာ​လေ ခု ဘယ်​​ရောက်​သွားတာလဲ"

"အိမ်​ပြန်​သွားတာ​လေ"

"သူတို့နဲ့ ​ဆော့ချင်​တာ​လေ လူ​တွေအများကြီးနဲ့ အဲဒါ​ကြောင့်​ ရာရာကို​ပြောတာ မြန်​မြန်​သွားရ​အောင်​ပါဆို ရာရာက ဟိုထိပ်​​ပြောင်​​ပြောင်​နဲ့ လူကြီး​တွေနဲ့ စကား​ပြော​နေတာ မပြီး​တော့ဘူး"

နှုတ်​ခမ်း​လေးက ဆူပြီး ​ခြေ​ထောက်​​စောင့်​​နေတဲ့ လူ​သေး​သေး​လေးကိုကြည့်​ပြီး အခရာ အသဲတွေယား​နေမိ​တော့တယ်

"ရာရာ ရှိတယ်​​လေ ငယ်​ရဲ့ ရာရာနဲ့​ဆော့မှာ​ပေါ့"

"ပြီး​တော့ ဦးဦး ​ရေးတို့ ဦးဦး အတ္တတို့လည်း ရှိတယ်​​လေ"

"ရာရာတို့က ဒီထဲမှာ ဝင်​​ဆော့လို့မရတာ ငယ်​က ဒီထဲ ဝင်​​ဆော့ချင်​တာ"

ပျော့​ပျော့ အိအိကစားကွင်းကိုလက်​ညှိုးထိုးပြီး ဂျီကျ​နေတဲ့ ငယ်​​ကြောင့်​ အခရာမှာ ​ခေါင်း သာကုတ်​လိုက်​မိ​တော့တယ်

"ငယ်​ တ​ယောက်​တည်းဝင်​​ဆော့ကြည့်​​လေ ​နော်​ ရာရာက အပြင်​က​နေကြည့်​​နေမယ်​​လေ"

အခရာကို ​ခြေ​ထောက်​တဖက်​​စောင့်​ပြီး လုံးလုံး လုံးလုံးနဲ့ ​ပျော့​ပျော့အိအိထဲဝင်​သွားတဲ့ ကြာငယ်​​လေးက တကယ်​ကိုရိုက်​ချင်​စရာ​လေး အသဲ​တွေယားဖို့​ကောင်း​နေတာ

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now