အခန်း(12)

5.2K 480 24
                                    

စစ်​မင်း ​တေးသံကို အာရုံစိုက်​ပြီး မှုတ်​​နေတုန်း သူ့ကို တစုံတ​ယောက်​က ကြည့်​​နေတယ်​လို့ ခံစားရတာ​ကြောင့်​ လှည့်​ကြည့်​လိုက်​မိ​တော့ အရမ်း အရမ်း ဘယ်​လို​ပြောရမလဲ မျက်​လုံး​တောင်​မလွှဲနိုင်​​အောင်​လှတဲ့ ​ကောင်​​လေးတ​ယောက်​နဲ့ မျက်​လုံးချင်းဆုံလိုက်​မိ​တော့တယ်​ စစ်​မင်း အံ့သြလွန်းလို့ ပါးစပ်​ထဲကဘသစ်​ဏွက်​​တောင်​ပြုတ်​ကျသွားပြီး လူက​တောင့်​​တောင့်​ကြီး ​ငေးကြည့်​​နေမိ​တော့တယ်

ဟီးဟီး

စစ်​မင်းပုံကိုကြည့်​ပြီး ​ကောင်​ငယ်​​လေးက ဂီတသံလို ချိုသာတဲ့အသံ​တွေနဲ့ ရီ​နေ​တော့တယ်​ ရီသံ​လေးကအစ စစ်​မင်းရဲ့နှလုံးသားကို တငြိမ့်​ငြိမ့်​နဲ့ ခုန်​လာ​စေ​တော့တယ်

"ဟင်​ ဒါ ကြာပန်းကြင်​ယာ​တော်​ ဟုတ်​တယ်​ ကြာပန်းကြင်​ယာ​တော်​မလား"

စစ်​မင်း သတိဝင်​လာပြီး တိုးတိုး​လေး ​ရေရွတ်​လိုက်​မိ​တော့တယ်​ စစ်​မင်း ​နောက်​တကြိမ်​ ကြာပန်းကိုကြည့်​လိုက်​မိ​တော့ အလှအပတရား​တွေနဲ့ပည့်​​နေတဲ့ ​ကောင်​ငယ်​​လေးက မျက်​လုံးပြာပြာ​လေးနဲ့ စစ်​မင်းကို လာဖို့ လက်​ယပ်​ပြ​နေ​တော့တယ်

တကယ်​ဆို ကြာပန်းထဲက ကြင်​ယာ​တော်​ထွက်​​ပေါ်လာပြီဆို မင်းကြီးကိုအ​ကြောင်းကြားရမယ်​ဆိုပင်​မယ့်​ စစိမင်းရဲ့​ခြေလှမ်း​တွေက ​ရေကန်​အလယ်​က ကြာပန်းကြီးဆီကိုပဲ ဦးတည်​သွား​နေမိ​တော့တယ်

"တက်​ခဲ့မလား"

စစ်​မင်း ကြာပန်းပွင့်​ကြီးနား​ရောက်​​တော့ အသံကြည်​ကြည်​​လေးက ​မေးတာကို စစ်​မင်း​ ​ခေါင်း သာခါပြလိုက်​မိ​တော့တယ်​ အနား​ရောက်​မှာ ​သေချာကြည့်​လိုက်​မိ​တော့ ​ကောင်​​လေးက တကိုယ်​လုံးဘာအဝတ်​အစားမှ မပါတာ​ကြောင့်​ စစ်​မင်း မျက်​နှာတခုလုံးရဲတက်​လာပြီး မျက်​လုံးကိုမှိတ်​ထားလိုက်​မိ​တော့တယ်

"ကြာ​လေး ရဲ့ ကြင်​ယာဖက်​လား"

ဒုတိယတကြိမ်​ထွက်​လာတဲ့ အသံ​ကြောင့်​ စစ်​မင်း မျက်​လုံးကို မရဲတရဲဖွင့်​ပြီး ​ခေါင်းသာခါပြလိုက်​မိ​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now