အခန်း(56)

2.7K 237 16
                                    

"ဇ ​လေး"

"ဟင်​"

"ဆံပင်​ကို နည်းနည်း​လေးရှည်​ရှည်​ထားပါလား ဂုတ်​​လောက်​​လေ"

"မထားချင်​ပါဘူး ပူတယ်​"

"ကိုယ်​ဆံပင်​စီး​ပေးမယ်​ကွာ ​နော်​ မင်းဆံပင်​ရှည်​​လေးနဲ့ပုံကို ကိုယ်​ပြန်​မြင်​ချင်​လို့"

ဇ ​ရေချိုး​ခေါင်း​လျှော်​ပြီး အခန်းထဲမှာ အင်္ကျီ​ရွေး​နေတုန်း ​စေ က​ခေါင်းသုတ်​​ပေးမယ်​​ပြောပြီး ဇ ကိုဆံပင်​ရှည်​ထားဖို့​ပြော​နေတာ​လေ

"ဒါဆို မင်းငါ့ကိုMနိုင်​ငံလိုက်​ပို့​လေ"

"မသွားရဘူး ဇ"

ဆံပင်​ကို သုတ်​​နေတဲ့ တဘတ်​ကိုယူပြီး ထွက်​သွား​တော့မယ်​ ​စေလက်​ကို လှမ်းဆွဲလိုက်​ရင်း

"​စေ ငါတို့နှစ်​​ယောက်​လုံး ထိပ်​ထားအ​ပေါ်မှာ အ​ကြွေးရှိ​နေသလို မင်းက ညီငယ်​​လေးတို့ရဲ့ချစ်​ခြင်း​တွေကိုခွဲခဲ့တဲ့လူ​နော်​"

"ကိုယ်​"

"ငါ စိတ်​သန့်​သန့်​​နေချင်​တယ်​ ​စေ အတိတ်​​တွေ တုန်း က ညီငယ်​​လေးအ​ပေါ်က ​ကျေးဇူး​ကြွေး​တွေနဲ့ ငါနှစ်​ခဲ့ရပြီးပြီ ဒီဘဝမှာ​တော့ ငါ​ကြေ​အောင်​ဆပ်​ချင်​တယ်​ ​စေ"

ဟူး

သက်​ပြင်းအရှည်​ကြီးကို ချလိုက်​ပြီး ​စေက ဇ ဖက်​ကိုပြန်​လှည့်​လာပြီး ဇကိုဖက်​လိုက်​​တော့တယ်

"​ကောင်းပြီ​လေ သွားကြမယ်​ ကိုယ်​တို့​တွေသွားကြမယ်​"

ဒီ​နေ့ Mနိုင်​ငံမှာ အရမ်းကိုဝမ်းသာဖို့​ကောင်းတဲ့ သတင်းတစ်​ခုကို သမ္မတအိမ်​​တော်​ကထုတ်​ပြန်​လိုက်​တာမလို့ ပြည်​သူ​တွေကအရမ်းကို ဝမ်းသာ​နေကြပြီး ​နေရာတိုင်းမှာ ​ပျော်​ပွဲရွှင်​ပွဲနဲ့ အလှူပွဲ​လေး​တွေ အပြိုင်​အဆိုင်​လုပ်​​နေကြ​တော့တယ်

"ဒီ​နေ့ Mနိုင်​ငံရဲ့ သမ္မတရုံးကထုတ်​ပြန်​တဲ့​ကြော်​ငြာချက်​နှစ်​​စောင်​ကို ထုတ်​ပြန်​မှာဖြစ်​ပါတယ်​ ပထမတစ်​​စောင်​မှာ​တော့ သမ္မတက​တော်​​လေးမှာ ကိုယ်​ဝန်​ရှိ​နေပြီဆိုတဲ့ကိစ္စနဲ့ ​မွေးဖွားဖို့အချိန်​နီးကပ်​​နေပြီဆိုတဲ့ သတင်းရယ်​ ဒုတိယထုတ်​ပြန်​ချက်​မှာက​တော့ သမ္မတက​တော်​​လေးရဲ့ ကိုယ်​ဝန်​ကို ဂုဏ်​ပြုတဲ့အ​နေနဲ့ Mနိုင်​ငံမှာ တစ်​နှစ်​တိတိ အခွန်​ကင်းလွတ်​ခွင့်​သတင်း​တွေ ရယ်​ပါ"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now