အခန်း(27)

4.3K 420 18
                                    

အခရာ စစ်​မင်းသစ္စာ ဆိုတဲ့ သူ့ရဲ့ကိုယ်​ကို​ပွေ့ရင်း ငို​နေတဲ့ သူ့ရဲ့ကြာငယ်​​လေး ကိုကြည့်​ပြီး သနားလွန်း လို့ ​ပြေး​ပွေ့ပြီးနှစ်​သိမ့်​​ပေးချင်​​နေမိ​တော့တယ်​ သူ့ရဲ့ကြာငယ်​​လေးက သူ့​ရှေ့မှာပဲ ​ရွှေ​ရောင်​အမှုန့်​​တွေအဖြစ်​​ပြောင်းလဲသွားတဲ့ပုံရိပ်​က အခရာမျက်​လုံးထဲမှာ ​ဖျောက်​ဖျက်​မရတဲ့ပုံရိပ်​​တွေဖြစ်​​နေ​တော့တယ်​ ပြီး​တော့သူ့တို့နှစ်​​ယောက်​ရဲ့​မွေး​တောင်​​မွေးဖွားမလာရ​သေးတဲ့ ရင်​​သွေး​လေး သား​လေး​ကြောင့်​ အခရာရင်​ကွဲမတတ်​ခံစားလိုက်​ရ​တော့တယ်

"ငယ်​ ကိုယ့်​ရဲ့ကြာငယ်​​လေး သား​လေး"

မျက်​ရည်​​တွေကျပြီး ​အော်​ဟစ်​​နေတဲ့ ရာရာ​ကြောင့်​ ကြာ​လေး ရာရာ့လက်​ကိုဆုပ်​ကိုင်​ပြီး နှစ်​သိမ့်​​ပေးလိုက်​မိတယ်​ အတိတ်​ဘဝကိုပြန်​မြင်​​ယောင်​​နေပုံရတဲ့ ရာရာက ​တော်​​တော်​​လေးကို ခံစား​နေရတဲ့ပုံပဲ

"ငယ်​"

"ငယ်​ရှိတယ်​ ရာရာ ရာရာနားမှာ ငယ်​ရှိတယ်​"

ကြာ​လေးနှစ်​သိမ့်​​ပေးလိုက်​မှ ကြာ​လေးလက်​​လေး ကိုဆုပ်​ကိုင်​ပြီး ရာရာကပြန်​ငြိမ်​ပြီး အိပ်​​ပျော်​သွား​တော့တယ်​ 7ရက်​ပြည့်​သွားပြီမလို့ ကြာ​လေး က ခုဆို အရွယ်​​ရောက်​တဲ့လူတစ်​​ယောက်​ဖြစ်​သွားသလို အတိတ်​ကအရာ​တွေအကုန်​လုံးကိုလည်း ပြန်​မှတ်​မိ​နေပြီ​လေ
ကြာ​လေး ရာရာ့လက်​ကို ပါးနား​လေးကပ်​ပြီး

"ဒီဘဝမှာ​တော့ ငယ်​က ရာရာနဲ့ငယ်​တို့ရဲ့က​လေး​လေးကို ဘာမှထိခိုက်​ခံ​တော့မှာမဟုတ်​ဘူး အဲဒါကြောင့်​ရာရာ ကစိတ်​မ​ကောင်းမဖြစ်​​တော့နဲ့​နော်​"

အခရာ နိုးလာတဲ့အချိန်​မှာ အခရာလက်​ကို ကိုင်​ပြီး ​ဘေး​စောင်း​လေးအိပ်​​နေတဲ့ ​ကောင်​​လေးတစ်​​ယောက်​ ​ငွေမှင်​​ရောင်​ဆံပင်​ဂုတ်​​ထောက်​​လေးနဲ့ ဆို​တော့ ဒါ​လေးက သူ့ရဲ့ ကြာငယ်​​လေး​ပေါ့

"ရာရာ"

အခရာ​တောင်​မသိလိုက်​ပဲ ​ငွေမှင်​​ရောင်​ဆံပင်​​လေး ကိုပွတ်​သပ်​လိုက်​​တော့ မျက်​လုံးပြာပြာ​လေးနဲ့ ​မော့ကြည့်​လာပြီး သူ့နာမည်​ကို​ခေါ်လာတဲ့ သူ့ရဲ့ကြာငယ်​​လေး

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now