အခန်း(37)

3.3K 319 34
                                    

"ပြန်​​တွေ့ပြီ​ပေါ့"

"ဟုတ်​တယ်​ ငါနှစ်​​ပေါင်းများစွာ ​လေလွင့်​ဝိဥာဉ်​အ​နေနဲ့ မကျွတ်​လွတ်​ပဲ​နေခဲ့ရတာ ငါအခုလွတ်​​မြောက်​နိုင်​​တော့မယ်​ သူ့​ကြောင့်​ စားစရာမရှိ​နေစရာမရှိ ငါဒုက္ခ​ရောက်​ခဲ့ရတာ ငါနှစ်​​ပေါင်း များစွာ ​စောင့်​ခဲ့ရတဲ့အချိန်​ကို​ရောက်​ပြီ ကွာ ဟားဟားး"

"အခု ဘာဆက်​လုပ်​မလဲ သခင်​ကြီး"

အညို​ရောင်​ဝတ်​စုံနဲ့လူ တနည်းအားဖြင့်​ မင်းကြီး​ဟောင်း ဦးမာဃက သူ့လက်​​အောက်​က ဝိဥာဉ်​ကိုကြည့်​ပြီး လက်​သီးကိုတင်း​နေ​အောင်​ဆုပ်​ထားရင်း

"ကလဲ့စား​ချေရမှာ​ပေါ့"

ကြာပန်းနိုင်​ငံ​တော်​ကြီးပျက်​စီးသွားတဲ့အချိန်​မှာ လူ​တွေအများကြီး​သေ​ကြေပျက်​စီး ကုန်​ကြ​တော့တယ်​ အဲထဲမှာ ဦးမာဃလည်း အပါအဝင်​​ပေါ့ မ​ကျေနပ်​ချက်​​တွေ လိုချင်​​လောဘ​တွေနဲ့​သေဆုံးခဲ့တာမလို့ ဦးမာဃက ​နောက်​ဘဝကို မကူးနိုင်​​တော့ပဲ ဝိဥာဉ်​ဘဝနဲ့ နှစ်​​ပေါင်းများစွာ ​နေထိုင်​​နေ​တော့တယ်​ နှစ်​ကြာလာတာနဲ့အမျှ ဝိဥာဉ်​စွမ်းအားကြီးလာပြီး နတ်​မိစ္ဆာတစ်​ပိုင်း ဖြစ်​လာတဲ့ဦးမာဃက လူအသွင်​ဖန်​ဆင်းနိုင်​သလို လူ​လောကမှာလဲရှင်​သန်​​နေနိုင်​ပြီ​လေ ခုလည်း နတ်​မိစ္ဆာဘဝက​နေ နတ်​ဆိုးဘဝကိုကူး​ပြောင်းဖို့ ကြာပန်းအခရာဆိုတဲ့ ကြာပန်းနတ်​သား​လေးရဲ့​သွေးကို ​သောက်​သုံးဖို့ လို​နေတယ်​​လေ

အဲဒါ​ကြောင့်​ ကြာပန်းနတ်​သား​လေး ပြန်​လည်​​မွေးဖွားလာမယ့်​အချိန်​ကို ခုလို နှစ်​​ပေါင်းရာချီပြီး ​စောင့်​​နေခဲ့ရတာ​လေ မကြာခင်​က ကြာပန်းကြင်​ယာ​တော်​ ထွက်​​ပေါ်လာပြီဆိုတဲ့ သတင်း​ကြောင့်​ ဦးမာဃ လူ​လောကကို စတင်​​ခြေချပြီး ကြာပန်း နတ်​သား​လေးကိုရှာ​ဖွေလာတာ​ပေါ့

"ငါတို့လည်း မြို့​တော်​သွားမယ်​"

"ဟုတ်​ကဲ့သခင်​ကြီး တချို့ဝိဥာဉ်​​တွေက နယ်​​ကျော်​လွန်​ခွင့်​မရှိတာမလို့ သခင်​ကြီးနဲ့အတူ ဝိဥာဉ်​ငါး​ယောက်​သာ လိုက်​ပါနိုင်​ပါမယ်​"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now