End

5.2K 268 15
                                    

"​စေ"

စေ ဝမ်းနည်းမှု​တွေ နာကျင်​မှု​တွေနဲ့ ပိတ်​​လှောင်​​ပြီး သတိလက်​လွတ်​ဖြစ်​​နေတုန်း ​စေ ဆိုတဲ့ အသံနဲ့အတူ ​စေ ခန္ဓာကိုယ်​က တ​နေရာကို လွှတ်​ထွက်​သွား​တော့တယ်

ဇရဲ့အသံကိုကြားလိုက်​ရတာ​ရော ခန္ဓာကိုယ်​က နရံနဲ့တိုက်​မိတာ​ကြောင့် နာကျင်​မှု​တွေ​ကြောင့်​​ရော သတိဝင်​လာ​တော့တယ်​ ​စေ ကိုယ့်​ကိုယ်​ကိုပြန်​ကြည့်​လိုက်​မိ​တော့ ဘယ်​အချိန်​က ကိုင်​ထားမှန်း မသိတဲ့ ခွဲစိတ်​ခန်း ဓားကို ​တွေ့လိုက်​ရ​တော့တယ်

"​စေ အဲဒါ​တွေက ပုံရိပ်​​ယောင်​​တွေ မင်းသတိထားရမယ်​ မင်းသတိထားရမယ်​​လေ"

သူ့လက်​ကိုဆွဲပြီး သတိ​ပေး​နေတဲ့ ဇ ရဲ့မျက်​နှာကိုမြင်​လိုက်​ရတဲ့အချိန်​မှာ​တော့ ​စေရဲ့ ရင်​ထဲ​အေးချမ်းသွား​တော့တယ်

"အားလုံးသတိထား သူက ငါတို့ရဲ့ ဝမ်းအနည်းဆုံး အရာ​တွေကိုပြပြီး ငါတို့ကို ကိုယ့်​ကိုယ်​ကို သတ်​​သေ​အောင်​ ဖိအား​ပေး​နေတာ အားလုံးကပုံရိပ်​​ယောင်​​တွေပဲ သူ့ရဲ့ပုံရိပ်​​ယောင်​​တွေက​နေ လွတ်​​မြောက်​ဖို့ကြိုးစားပါ"

မမရဲ့ အသံ​ကြောင့်​ အားလုံးက သူတို့စိတ်​​တွေ ငြိမ်​​အောင်​ထိန်းလိုက်​တဲ့အချိန်​မှာ ပါတ်​ဝန်းကျင်​တစ်​ခုလုံး ပြန်​ကြည်​လင်​သွား​တော့တယ်

"လူယုတ်​မာကြီး"

အရမ်းကိုနာကြည်း​နေတဲ့ အသံနဲ့အတူ အခရာရဲ့ ဓားနဲ့ ဦးမာဃကိုပစ်​​ပေါက်​လိုက်​​တော့တယ်

"တန်​ဘီ"

ဦးမာဃက သူ့ရဲ့အစွမ်း​တွေ ရုတ်​တရက်​ ပျက်​ပြယ်​သွားချိန်​ ဓားက​ရောက်​လာတာမလို့မ​ရှောင်​နိုင်​ပဲဖြစ်​သွား​တော့တယ်​ ဓားက ဦးမာဃရဲ့နှလုံးတည့်​တည့်​ကို ဦးတည်​လိုက်​ချိန်​မှာ ကြားထဲက ဝင်​အခံလိုက်​တဲ့ တန်​ဘီ

"တန်​ဘီ တန်​ဘီ မင်းဘာလုပ်​တာလဲ"

"ကျွန်​​တော်​ နှစ်​​ပေါင်းရာချီ​အောင်​ သခင်​ကြီး​ဘေးမှာ ခစားခဲ့ပြီးပြီ ဆက်​ပြီး အ​ဖော်​ပြုမ​ပေးနိုင်​လို့​တောင်းပန်​ပါတယ်​ သခင်​ကြီး အမုန်းတရား​တွေကို လက်​လွတ်​ပြီး ​ကောင်း​ကောင်းရှင်​သန်​သွားပါ"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now