အခန်း(47)

2.5K 222 13
                                    

"ကိုယ်​လိုက်​လာမယ်​​နော်​ အဖြူ​လေး"

"အင်း ငါ​စောင့်​​နေမယ်​"

ဒီ​နေ့က သင်္ခက သူ့နိုင်​ငံဖြစ်​တဲ့ ကြာပန်းနိုင်​ငံ​တော်​ကိုပြန်​ရ​တော့မှာမလို့ သူ့နန်း​ဆောင်​ကိုလာပြီးနှုတ်​ဆက်​​နေတာ​လေ ချစ်​သူသက်​တမ်း 2ရက်​​တောင်​မရှိ​သေးဘူး ခုသူတို့ကခွဲရ​တော့မယ်​​လေ

ဘယ်​သူမှသိလို့မဖြစ်​တဲ့ သူတို့နှစ်​​ယောက်​ကြားကဆက်​ဆံ​ရေးမလို့ အတတ်​နိုင်​ဆုံးလျိုဝှက်​ထားကြတယ်​​လေ ခုလည်း နန်း​ဆောင်​ထဲကအနီးကပ်​ကိုယ်​ရံ​တော်​​တွေကို ဖယ်​ထုတ်​လိုက်​ပြီး နှစ်​​ယောက်​သားတစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​​ငေးကြည့်​​နေမိကြ​တော့တယ်

"ကိုယ်​ မင်းကိုမခွဲနိုင်​ဘူး အဖြူ​လေး"

"ငါလည်း မခွဲချင်​ဘူး"

ရင်​ခွင်​ထဲမှီချလာတဲ့ အဖြူ​လေး​ကြောင့်​ နန္ဒ ​ပွေ့ဖက်​ထားလိုက်​မိ​တော့တယ်​ အရာရာတည်​ငြိမ်​လွန်းတဲ့ အဖြူ​လေးက နန္ဒ နဲ့​တွေ့ရင်​​တော့ အချွဲတုန်း​လေးဖြစ်​​နေ​တော့တယ်

"ကိုယ်​ အိမ်​​ရှေ့စံရာထူးကိုစွန့်​လွှတ်​လိုက်​ပြီး အဖြူ​လေးရဲ့ကြင်​ယာ​တော်​ပဲလုပ်​​တော့မယ်​"

"မလုပ်​ရပါဘူး လုပ်​မယ့်​လုပ်​ ငါကပဲနန္ဒ ကြင်​ယာ​တော်​လုပ်​မှာ​ပေါ့ ခန​တော့​စောင့်​ပါနန္ဒ ညီငယ်​​လေးကိုထီးနန်းလွှဲပြီးတာနဲ့ ငါတို့အတူတူ​နေကြမယ်​"

"အင်း ကိုယ်​အဲရက်​ကို ​စောင့်​​နေမယ်​"

အဲ​နောက်​​တော့ ထိစပ်​သွားတဲ့နှုတ်​ခမ်းနှစ်​ခုက အချိန်​အ​တော်​ကြာတဲ့ထိပူးကပ်​​နေ​တော့တယ်

"ချစ်​တယ်​ နန္ဒ"

"ငါကပိုတယ်​ အဖြူ​လေး"

"​ရော့"

အဖြူ​လေးလက်​ထဲက​နေ မြင်​လိုက်​ရတဲ့ဓားအိမ်​​ကြောင့်​ နန္ဒ နားမလည်​သလို​မော့ကြည့်​လိုက်​​တော့

"ငါ့ကိုယ်​စား ဒါ​လေးကို သိမ်းထား​ပေး တချိန်​ချိနိမှာ​တော့ ဒီဓားနဲ့ ဓားအိမ်​ပြန်​​တွေ့ပြီး ငါတို့ရဲ့အိပ်​​ဆောင်​မှာ ချိတ်​ထားနိုင်​​တော့မှာပါ"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now