အခန်း(32)

3.6K 335 24
                                    

လင်းရိပ်​ ​နေရာအသစ်​မလို့ ညဖက်​အိပ်​မ​ပျော်​တာနဲ့ ခြံထဲကိုဆင်းပြီး လမ်း​လျှောက်​​နေမိတယ်​ ကြာပန်းမြို့​တော်​လို့ တင်​စားထားတဲ့အတိုင်း ကြာပန်းနံ့​တွေကလည်း ​မွှေးပျံ​နေ​တော့တယ်​ သမ္မတက အိမ်​​တော်​မှာ ​ရောက်​​နေတာမလို့ သက်​​တော်​​စောင့်​​တွေကလဲ ခြံထဲမှာ အပြည့်​​နေရာယူထားပြီး ကိုယ်​ရံ​တော်​အဖွဲ့ကလဲ 1နာရီခြားတစ်​ခါ ကင်းလှည့်​​နေ​တော့တယ်

"အစ်​ကို​လေး အိပ်​မ​ပျော်​ဘူးလား"

"အင်း အတ္တ အိပ်​ရာ​ပြောင်းလို့ထင်​တယ်​ အိပ်​မ​ပျော်​ဘူး"

ကင်းလှည့်​ရင်း ကိုယ်​ရံ​တော်​အဖွဲ့​ခေါင်း​ဆောင်​ကနှုတ်​ဆက်​တာမလို့ လင်းရိပ်​အလိုက်​သင့်​ပြန်​​ပြောရင်း ခြံအလယ်​က ကြာပန်းနီကန်​ကြီးဆီ​လျှောက်​သွားလိုက်​​တော့တယ်​ ကြာပန်းနီက တကယ်​ကို ရှားပါးမျိုးစိတ်​​လေ တခြားကြာပန်းအ​ရောင်​​တွေကို လင်းရိပ်​အ​နေနဲ့​တွေ့ဖူးပင်​မယ့်​ ကြာပန်းနီကို​တော့ ဒီမြို့​ရောက်​မှပထမဆုံးမြင်​ဖူးတာမလို့ လင်းရိပ်​​သေ​သေချာချာ​လေး ကိုင်​ကြည့်​​နေမိ​တော့တယ်

"အဲလိုကိုင်​​နေ​တော့ ကြာပန်းပွင့်​ဖတ်​​လေး​တွေ နာသွားမှာ​ပေါ့"

လင်းရိပ်​​နောက်​က​နေကြားလိုက်​ရတဲ့ မိန်းက​လေးအသံ​ကြောင့်​ ရုတ်​တရက်​လှည့်​ကြည့်​လိုက်​​တော့ အနီ​ရောင်​ ဂါဝန်​ရှည်​ကိုဝတ်​ထားပြီး အနီ​ရောင်​ဆံပင်​​ကောက်​​ကောက်​​လေး​တွေနဲ့ အရမ်း ကိုလှပတဲ့ မိန်းမ​ချော​လေးတစ်​​ယောက်​ကို​တွေ့လိုက်​ရ​တော့တယ်

"မင်းဘယ်​သူလဲ"

"ကျွန်​မဘယ်​သူလဲဆိုတာထက်​ ကိုင်​ထားတဲ့ ကြာပန်းပွင့်​ဖက်​​လေးကို အရင်​လွှတ်​​ပေးပါ"

လင်းရိပ်​လည်းအဲမိန်းမ​ချော​လေး​ ​ပြောတဲ့အတိုင်း လွှတ်​​ပေးလိုက်​ပြီး ​နောက်​တကြိမ်​ထပ်​​မေးလိုက်​​တော့တယ်

တကယ်​ဆို ဒီ​လောက်​လုံခြုံ​ရေးတင်းကြပ်​တဲ့ စံအိမ်​ထဲကို ဒီမိန်းက​လေး ဘယ်​လိုဝင်​လာလဲဆိုတာ လင်းရိပ်​လုံးဝစဉ်းစားလို့မရဘူး​လေ

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now