အခန်း(34) side couple

3.7K 322 8
                                    

(အခန်း 34တခုလုံးက side coupleဖြစ်​တဲ့ ​စေတမာန်​(ခ) နန္ဒ ရယ်​ ဇ (ခ) သင်္ခရယ်​ရဲ့ အတိတ်​ဘဝအပိုင်းအစ​လေး​တွေရယ်​ ခုလက်​ရှိဘဝ​လေးရယ်​ပါ

"မင်းသိပါတယ်​ ​ဇ ကိုယ်​ မင်းတ​ယောက်​တည်း ကိုပဲ ချစ်​ခဲ့တယ်​ဆိုတာ"

"မင်းကအမြဲအဲလိုပဲ အရာရာကိုဖြည့်​​တွေး​ပေးတဲ့ မင်းက လူတိုင်းကို ကိုယ်​ချင်းစာပြီး ဖြည့်​​တွေး​ပေးခဲ့တဲ့မင်းက ကိုယ့်​ကို​တော့ အမြဲ​မေ့ထားတတ်​တယ်​"

ဇ သူ့ကို မျက်​ရည်​​တွေဝိုင်းပြီး​ပြော​နေတဲ့​စေတမာန်​ စကား​တွေ​ကြောင့်​ ရင်​ဘတ်​​တွေ​တောင်​ ​အောင့်​လာမိတယ်​ စိတ်​ထဲက​နေ မဟုတ်​ပါဘူးလို့ အကြိမ်​ကြိမ်​​အော်​ ဟစ်​​နေပင်​မယ့်​ ပါးစပ်​က​တော့ဘယ်​လိုမှထွက်​မလာဘူး​လေ

"ခရီး ပမ်းလာတာ နားလိုက်​ပါအုံး"

ဇ သူ့ကို​ပြောပြီးတာနဲ့ ​ကျောခိုင်းထွက်​သွားတဲ့ သူကို ​နေကြာခင်းကြီးထဲက​နေစိုက်​ကြည့်​​နေရင်း တိုးတိုး​လေး ​ပြောလိုက်​မိ​တော့တယ်

"အရာရာ ကို မင်း​ကြောင့်​ ငါ မင်းကို စွန့်​လွှတ်​​ပေးခဲ့တာပါ ​စေရယ်​ မင်းကိုချစ်​လို့ ငါစွန့်​လွှတ်​​ပေးခဲ့တာပါ မင်းကိုငဲ့မကြည့်​ခဲ့တာမဟုတ်​ဘူး မင်း ကို မငဲ့ကြည့်​နိုင်​ခဲ့တာပါ ​စေရယ်​"

ဇ ​နေကြာပန်းခင်းထဲက အိမ်​​တော်​ဝင်​​ရောက်​​တော့ နံရံမှာအလှချိတ်​ထားတဲ့ ဓား​မြှောင်​​လေးကို​ငေးကြည့်​ရင်း ဇတို့ပထမဆုံးအကြိမ်​ ​တွေ့ဆုံခဲ့တဲ့အချိန်​ကို ပြန်​မြင်​​ယောင်​လိုက်​မိ​တော့တယ်

အတိတ်​ဘဝ​တွေက

ရေနက်​နိုင်​ငံရဲ့ အိမ်​​ရှေ့စံ နန္ဒရဲ့ အိမ်​​ရှေ့စံခန့်​အပ်​ပွဲအခမ်းအနားကိုတက်​ဖို့ ကြာပန်းနိုင်​ငံ​တော်​ရဲ့ အိမ်​​ရှေ့စံ သင်္ခကတာဝန်​​ပေးအပ်​ခြင်းခံရတယ်​​လေ

"စစ်​မင်း ​ရေနက်​နိုင်​ငံက​တော်​​တော်​လှတယ်​တဲ့ ငါတို့ဟို​ရောက်​ရင်​ ​နေရာအနှံ့​လျှောက်​သွားကြမယ်​"

"ဟုတ်​ကဲ့ပါ အိမ်​​ရှေ့စံ"

"စစ်​မင်း ငါ့ကိုအစ်​ကို လို့​ခေါ်လို့​ပြောထားတယ်​​လေ ငါကမင်းအစ်​ကိုမဟုတ်​ဘူးလား"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now