အခန်း(33)

3.6K 350 12
                                    

"ရာသီဥတုနည်းနည်း​အေးတယ်​ ငယ်​ အ​နွေးထည်​အပါး​လေးဝတ်​ထား​နော်​"

"ဟုတ်​"

အပြင်​ထွက်​ခါနီး ရာသီဥတု​အေး​နေတာမလို့ အ​နွေးထည်​​လေးဝတ်​​ပေးလိုက်​​တော့ သွားဖြူဖြူ​လေး​တွေကပြုံးပြ​နေတဲ့ ကြာ​လေးက တကယ်​ကို ချစ်​စရာ​လေး

"ကြာ​လေး"

"ရိပ်​ရိပ်​လိုက်​မလို့လား"

"မလိုက်​ဘူး ရိပ်​ရိပ်​​မေးစရာရှိလို့ ညက တကယ်​ပဲ ကြာပန်းနီနတ်​သမီး​လေးလား"

"ဟုတ်​မယ်​ထင်​တာပဲ ကြာ​လေးက မှမ​တွေ့လိုက်​တာ ​သေချာ​တော့ မ​ပြောတတ်​ဘူး​လေ"

"ငါ ငါပြန်​တာပဲ​ကောင်းမယ်​ထင်​တယ်​​နော်​ အခရာ"

"မင်းကလဲ ကွာ ရုပ်​ကြီးနဲ့မလိုက်​ သရဲ​ကြောက်​ရတယ်​လို့"

"ရုပ်​နဲ့ဘာဆိုင်​လဲ သူ့ဘာသာ​ကြောက်​တာကို"

"​နေစမ်းဘာအုံးကွာ အ​လောတကြီးပြန်​မ​နေနဲ့ အိမ်​ထဲပဲ​နေ ​ကြောက်​ရင်​ ခြံထဲမဆင်းနဲ့ ငါ ကြာငယ်​ကို မုန့်​သွား​ကျွေးလိုက်​အုံးမယ်​"

"​အေးပါကွာ"

"လိုက်​ခဲ့မလား"

"​တော်​ပါပြီကွာ"

အခရာ လင်းရိပ်​ကို ထားခဲ့ပြီး ကြာငယ်​​လေး လက်​ကိုဆွဲပြီးထွက်​လာလိုက်​​တော့တယ်​ အခရာနဲ့ယှဉ်​ရင်​ ကြာငယ်​​လေးကတကယ်​ကို ​သေး​သေး​လေး လက်​ဖြူဖြူ​သေး​သေး​လေး​တွေကလဲ အခရာရဲ့ လက်​အကြီးကြီး​တွေကြားမှာ​ပျောက်​​နေသလို အခရာရဲ့ပခုံး​အောက်​ ရင်​ဘတ်​​လောက်​ပဲရှိတဲ့အရပ်​​လေးမလို့ အခရာကို စကား​ပြောရင်​​ခေါင်း​လေးကို ​မော့​မော့ပြီး​ပြော​နေပုံ​လေးက အသဲ​တွေယားဖို့​ကောင်း​နေ​တော့တယ်

"ကားမစီးပဲ လမ်း​လျှောက်​သွားမယ်​​လေ ရာရာ"

"ကားနဲ့ပဲ သွားရ​အောင်​​လေ ငယ်​"

"ငယ်​​မေးထားတာ နီးနီး​လေးတဲ့ ပြီး​တော့ ကြာပန်း ကန်​​တွေ အများကြီးလည်း လမ်းမှာရှိတယ်​တဲ့ ​နော်​ ရာရာကလဲလမ်း​လျှောက်​သွားမယ်​​လေ​နော်​"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now