အခန်း(53)

2.5K 217 7
                                    

"ထိပ်​ထား ထိပ်​ထား"

ဘယ်​​လောက်​ပဲ နှိုးနှိုး ​ခေါ်မရ​တော့တဲ့ ထိပ်​ထား​ကြောင့်​ သင်္ခဝမ်းနည်းလာမိတယ်​ သူ့ရဲ့ညီမ​လေး အရာရာ သူ့အတွက်​ ဖြည့်​ဆည်း​ပေးတဲ့ညီမ​လေး ​ကျေးဇူးတရားတခု​ကြောင့်​ ​ကျေးဇူး​ကျွေးပြန်​ဆပ်​ဖို့ သူ့ကိုလက်​ထပ်​ဖို့ သ​ဘောတူခဲ့တယ်​ ထိပ်​ထားက ​ကျေးဇူး​ကျွေးကို သူ့အသက်​နဲ့ ပြန်​ဆပ်​လိုက်​ပြီ​လေ

"မင်း ဘာလုပ်​လိုက်​တာလဲ နန္ဒ ရဲ့ မင်းဘာလုပ်​လိုက်​တာလဲ"

"သတ်​လိုက်​တာ​လေ အဖြူ​လေးရဲ့ မမြင်​ဘူးလား မင်းအရမ်းကိုချစ်​ပြ​နေတဲ့ အဲမိန်းမကိုကြည့်​မရလို့ ကိုယ်​သတ်​ပစ်​လိုက်​တာ အဖြူ​လေး မင်းသိထားဖို့ က မင်းက ကိုယ့်​ကိုပဲချစ်​ရမယ်​ ကိုယ်​ကလွဲရင်​ ဘယ်​သူကိုမှမင်းမချစ်​ရဘူး မင်းတခြားလူကိုချစ်​လိုက်​တာနဲ့ ဒီမိန်းမလိုပဲ ဖြစ်​သွားမယ်​ဆိုတာ မင်း သိထားပါ"

"မင်း မင်းရက်​စက်​လိုက်​တာ ငါသိတဲ့ နန္ဒက ဘယ်​​ရောက်​သွားတာလဲ နန္ဒ"

အေးစက်​​နေတဲ့ မျက်​ဝန်း​တွေက သင်္ခကို စိုက်​ကြည့်​လာပြီး

"မင်းထားသွားကတည်းက ကိုယ်​ရက်​စက်​တတ်​သွားတာ အပြစ်​တင်​မယ်​ဆိုရင်​ ကိုယ်​ကိုချစ်​တတ်​​အောင်​လုပ်​ပြီး ထားသွားခဲ့တဲ့ မင်းကိုယ်​မင်းသာ အပြစ်​တင်​လိုက်​ သင်္ခ ဟားဟား ဟားဟား "

တဟားဟား​အော်​ရီပြီးထွက်​သွားတဲ့ နန္ဒပုံရိပ်​​တွေက နတ်​ဆိုးတစ်​​ကောင်​လို​သွေးဆာ​နေတဲ့ ပုံရိပ်​​တွေပဲ

သင်္ခ ထိပ်​ထား ကိုယ်​​လေးကို​ပွေ့ချီပြီး တိုးတိုး​လေး​ရေရွတ်​လိုက်​မိ​တော့တယ်

"သူ့​ကြောင့်​တကယ်​ပဲ နန္ဒကဆိုးသွမ်း သွားရတာလား ထိပ်​ထား ညီမ​လေး အစ်​ကို​တောင်းပန်​ပါတယ်​ ​နောက်​ဘဝဆိုတာရှိခဲ့ရင်​ ညီမ​လေး​ပေါ်တင်​​နေတဲ့အ​ကြွေး​တွေကို ဒီအစ်​ကိုက ​သေချာဆပ်​မှာမလို့ ဒီအစ်​ကိုကို ​စောင့်​​နေ​ပေးပါ​နော်​"

ထိပ်​ထားရဲ့ ဇာပနကို ကျင်းပပြီးတာနဲ့ မင်းကြီး​ပေးထားတဲ့ စစ်​​သေနာပတိချုပ်​ရာထူးကို သင်္ခလက်​ခံလိုက်​​တော့တယ်​ ထိပ်​ထား​သေသွားတာမလို့ သူဘယ်​လိုနည်းနဲ့မှ နန္ဒနားကို ပြန်​မသွားနိုင်​​တော့ဘူး​ သူသာ သွားလိုက်​ရင်​ ထိပ်​ထားအ​ပေါ်ကို အရမ်း မတရားသလိုဖြစ်​သွားမှာ​လေ နန္ဒကိုမြင်​ရတိုင်း အပြစ်​မရှိတဲ့ ထိပ်​ထားကို ပဲပြန်​မြင်​​ယောင်​​နေမှာမလို့ ဘယ်​လိုမှကို ပြန်​မသွားနိုင်​​တော့ဘူး ​လေ

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now