အခန်း(19)

4.4K 418 24
                                    

"မင်းသား​လေး ​ခေါင်း​ဆောင်​က​ပြောထားတယ်​ ခုဘယ်​သွားမလို့လဲ"

စစ်​မင်း ကြာ​လေးဆီသွားမလို့ အဝတ်​အစားလဲ​နေရင်း ကြာ​လေးအ​ကြောင်း​တွေး​နေမိတုန်း မင်း သက်​ အသံ​ကြောင့်​ လန့်​​တောင်​သွားမိတယ်

"မင်းကလည်း တိုးတိုး​နေစမ်းပါ"

စစ်​မင်း ကြာ​လေး​ပေးထားတဲ့ ကြာပန်း ပုံစံထိုးထားတဲ့ လက်​ကိုင်​ပဝါ ​လေးကို ရင်​ဘတ်​ထဲ ထည့်​ရင်း ကြာ​လေးနဲ့ အတူ​နေတဲ့ ညကိုသတိရမိ​တော့တယ်​ ကြာ​လေးရဲ့ ကိုယ်​မှာ ထူးထူးခြား ကြာပန်းပုံသ​င်္ကေတ​လေးခု​တောင်​ပါတယ်​ ​ခြေဖဝါးနှစ်​ခု ရင်​ဘတ်​နဲ့ ​ကျောပြင်​ဖြူဖြူ​လေး​တွေမှာ အဲကြာပန်းပုံ​လေး​တွေက သဘာဝအတိုင်း ပါလာတာမလို့လားမသိဘူး အရမ်းကို လှပလွန်းတယ်​ အဲကြာပန်းပုံသ​င်္ကေတ​လေးကိုနမ်းလိုက်​တိုင်း ကြာပန်းပုံ​လေး​တွေက အသက်​ဝင်​လာတယ်​လို့ ထင်​ရ​အောင်​ အရမ်းကိုလှလွန်းတယ်​​လေ

မင်းသက်​တစ်​​ယောက်​ အနက်​​ရောင်​ဝတ်​စုံလဲ​ပြီး ​တွေ​ဝေ​ငေး​မော​နေတဲ့ မင်းသား​လေးကို လိုက်​ကြည့်​ရင်းတတွတ်​တွတ်​​ပြော​နေပင်​မယ့်​ မင်းသား​လေးက​တော့ သူ့ကို နည်းနည်းမှ ဂရုမစိုက်​ပဲ လုပ်​ချင်​တာ လုပ်​​နေ​တော့တယ်

"မင်းသား​လေး မင်းသား​လေး"

"တိုးတိုး​နေစမ်းပါ"

"မနက်​ဖြန်​ အိမ်​​ရှေ့စံခန့်​အပ်​ပွဲ မလို့ သတိထားပါ ဒီ​နေ့ည​တော့ မသွားပါနဲ့"

"မင်းသက်​ မင်းက​လေ အရမ်းစကားများတာပဲ ပွစိပွစိနဲ့ မိန်းမကြီးကျ​နေတာပဲ"

"ခန​လေးပဲ ချက်​ခြင်းပြန်​လာမယ်​"

ပြောမရ ဆိုမရ မင်းသား​လေးက​တော့ ပြတင်း​ပေါက်​က ခုန်​ဆင်းသွားတာ​ကြောင့်​ မင်းသက်​ သက်​ပြင်းသာချလိုက်​ရ​တော့တယ်​ မင်းသားကို ထိန်းရတာနဲ့ သူလည်းအသက်​တိုမှာပဲ

စစ်​မင်း ပြတင်း​ပေါက်​က ခုန်​ချပြီး ကြာပန်း​ရေကန်​ကိုသွား​နေတုန်း ​နောက်​ကလိုက်​လာတဲ့ ​ခြေသံ​တွေကိုကြားလိုက်​ရတာ​ကြောင့်​ ဓားကို ကျစ်​​နေ​အောင်​ ဆုပ်​ကိုင်​ပြီး သတိအ​နေထားနဲ့​နေလိုက်​​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now