အခန်း(41)

3K 272 10
                                    

"သမ္မတကြီး"

အခရာ ကြာငယ်​​လေးစားချင်​တဲ့ သီးစုံထမင်း​ကြော်​ ကိုခွံ​ကျွေး​နေတုန်းကို အတွင်း​ရေးမှူး​ခေါ်သံ​ကြောင့်​ လှည့်​ကြည့်​လိုက်​ရင်း

"ဘာကိစ္စလဲ ငယ်​ ဟ အာ"

"ဟို နိုင်​ငံရဲ့ ရိုးရာဘိုး​ဘေးကန့်​တော်​ပွဲ ကမနက်​ဖြန်​ ကျင်းပဖို့ရှိတယ်​ဆိုတာ သတိ​ပေးတာပါ ပြီး​တော့ အဲပွဲကသမ္မတက​တော်​​လေးနဲ့ စုံတွဲတက်​ရမယ့်​ပွဲပါ"

အခရာ ကြာငယ်​​လေးပါးစပ်​ကို သုတ်​​ပေးလိုက်​ ရင်း

"ငယ်​က သိပ်​​နေမ​ကောင်းဘူး အခမ်းအနားတက်​နိုင်​မှာမဟုတ်​ဘူး"

"ဒါပင်​မယ့်​ ဒါက ရိုးရာအစဉ်​အလာမလို့ စုံတွဲတက်​မှအဆင်​​ပြေမှာပါ ဘိုး​ဘေး​တွေကို ကန့်​​တော်​တဲ့ပွဲဆို​တော့ ပြည်​သူ​တွေကလဲ သမ္မတတို့စုံတွဲ ကို​မျှော်​လင့်​​နေကြပါတယ်​"

"မတက်​"

"ရာရာ"

"ငယ်​ ဘာလိုချင်​လို့လဲ ​ရေ​သောက်​မလား"

"မဟုတ်​ဘူး မနက်​ဖြန်​ပွဲကို ငယ်​တက်​မယ်​"

"ငယ်​"

"စိတ်​မပူပါနဲ့ ငယ်​ဂရုစိုက်​မှာပါ နိုင်​ငံ​ခေါင်း​ဆောင်​အ​နေနဲ့ တချို့ကိစ္စ​တွေက ​ရှောင်​လွှဲလို့မှမရတာ ငယ်​အဆင်​​ပြေပါတယ်​"

"​ကောင်းပြီ​လေ ငယ်​"

"လုံခြုံ​ရေးကိုအထူးတင်းကြပ်​ပါ မလိုလားအပ်​တဲ့ ပြသာနာ​တွေတခုမှမဖြစ်​ပါ​စေနဲ့"

"ဟုတ်​ကဲ့ပါ သမ္မတကြီး"

အတွင်း​ရေးမှူးထွက်​သွားတာနဲ့ ကိုယ်​လုံးအိအိ​လေးက အခရာရင်​ခွင်​ထဲဝင်​လာပြီး

"ဘာမှမစိုးရိမ်​နဲ့​နော်​ ငယ်​က ကိုယ့်​ဘာသာဂရုစိုက်​နိုင်​ပါတယ်​"

အခရာ ငယ့်​​ခေါင်း​လေးကို ဖွဖွ​လေးနမ်းလိုက်​ပြီး ကိုယ်​လုံးအိအိ​လေးကို ဖက်​ထားလိုက်​​ရင်း

"ကိုယ်​က ငယ်​နဲ့ သားသား​လေးကိုဘာမှမဖြစ်​​အောင်​ ​စောင့်​​ရှောက်​​ပေးမှာပါ"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now