အခန်း(17)

4.4K 421 14
                                    

"အရှင်​မင်းကြီး မင်းသား​လေး စစ်​မင်းသစ္စာ ကဝင်​ခွင့်​​တောင်း​နေပါတယ်​"

ညီလာခံကျင်းပတဲ့​နေရာမှာ ခွင့်​​တောင်းလိုက်​တာမလို့ ဝင်​ခွင့်​ပြုလိုက်​ရ​တော့တယ်​ တကယ်​ဆိုမ​နေ့က နန်း​ဆောင်​ကို ​ခေါ်တာမလာပဲ ခုမှလာတာ​ကြောင့်​ မင်းကြီး အနည်းနဲ့အများ စိတ်​ပူသွား​တော့တယ်

အေးစက်​​နေတဲ့ ညီလာခံခန်းမကို စစ်​မင်း​ခြေချလိုက်​တာနဲ့ အားလုံးရဲ့မျက်​လုံး​တွေက စစ်​မင်းဆီ​ရောက်​လာ​တော့တယ်

"မင်းကြီးကိုဂါဝရပြုပါတယ်​"

"ဘာကိစ္စရှိလို့လဲ တူ​တော်​"

"မ​နေ့က ပြည်​ထဲ​ရေးအမတ်​ကိစ္စနဲ့ပက်​သက်​ပြီး"

"စစ်​မင်းသစ္စာ ​မောင်​မင်းက ဘာသ​ဘောလဲ တာဝန်​ထမ်း​ဆောင်​​နေတဲ့ အမတ်​တ​ယောက်​ကို ကိုယ်​ထိလက်​​ရောက်​ကျူးလွန်​ထားတာကို ကိုယ်​​တော်​တခွန်းမှမ​မေးပဲခွင့်​လွှတ်​​ပေးထားလို့ ​မောင်​မင်းက အတင့်​ရဲ​နေတာလား"

"တာဝန်​ထမ်း​ဆောင်​ရမယ့်​အမတ်​က တာဝန်​မ​ကျေပွန်​ပဲ ပြည်​သူ့ဘဏ္ဏာတွေကို ရယူ​နေတာမလို့ ဆုံးမလိုက်​ရုံပါ အရှင်​မင်းကြီး"

"အဲလိုဖြစ်​​နေရင်​ ကိုယ်​​တော်​ကို လာ​ပြောလို့ရတယ်​ ​မောင်​မင်းဆုံးဖြတ်​စရာမလိုဘူး "

"တိုင်းပြည်​ရဲ့​တော်​ဝင်​မင်းသားတစ်​​ယောက်​အ​နေနဲ့ အကျင့်​ပျက်​အမတ်​​တွေကို ဆုံးမပိုင်​ခွင့်​ရှိတယ်​လို့ ထင်​ပါတယ်​မင်းကြီး"

"မင်း"

"ကြည့်​ရတာ ကျွန်​​တော်​မျိုးက တိုင်းပြည်​​ရေး​တွေမှာ သိပ်​မပက်​သက်​လို့ ကျွန်​​တော်​မျိုးက မင်း သားတစ်​ပါးဆိုတာများ​မေ့သွားတာလား မင်းကြီး"

မင်းကြီး စိတ်​ကို အတင်း​လျော့ချလိုက်​ပြီး

"ဒီကိစ္စကိုဒီမှာထားလိုက်​​တော့"

"ဒါဆို ပြည်​ထဲ​ရေးအမတ်​နဲ့ ဘဏ္ဍာ​ရေးအမတ်​က ကျုးလွန်​ထားတဲ့အမှု​တွေကို ​လျှောက်​တင်​ခွင့်​ပြုပါ မင်းကြီး"

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now