အခန်း(21)

4.4K 420 18
                                    

"​တောက်​ ဒါကဘယ်​လိုဖြစ်​ရတာလဲ မင်းတို့​ပြော​တော့ ​သေပြီဆို"

"ကျွန်​​တော်​မျိုးတို့လည်း ​သေချာ​ပေါက်​ ​သေ​စေနိုင်​တဲ့​နေရာ​တွေကို ဓားကိုထိုးသွင်းခဲ့တာပါ ဘယ်​လိုမှအသက်​ရှင်​နိုင်​​ခြေမရှိပါဘူး"

"မရှိဘူးဆို အဲဒါဘာလဲ ခုမင်းတို့​ရှေ့မှာ ငါ့ကို ​လှောင်​ပြုံးပြုံးပြီး ငါကို့ နန်းဆင်းခိုင်း​နေပြီ​လေ"

"ကျွန်​​တော်​မျိုးတို့​ သေသင့်​ပါတယ်​ ကျွန်​​တော်​မျိုးတို့ အသုံးမကျမှုအတွက်​ခွင့်​လွှတ်​​တော်​မူပါ"

"ထွက်​သွား အားလုံးထွက်​သွားကြ​တော့"

မင်းကြီးက စိတ်​ပျက်​လက်​ပျက်​နဲ့ ထိုင်​ခုံ​ပေါ်ထိုင်​ချရင်း သက်​ပြင်းအရှည်​ကြီး ကိုချလိုက်​မိ​တော့တယ်​ နန်း​ဆောင်​တစ်​ခုလုံးကိုလှည့်​ပါတ်​ကြည့်​လိုက်​ပြီး ဒီ​နေ့က သူဒီမှာ​နေရတဲ့ ​နောက်​ဆုံးရက်​ပါလား ဆိုပြီး မျက်​ရည်​​တွေ ကျ​နေမိ​တော့တယ်

မင်းကြီး​ရှေ့က​နေ စစ်​မင်း ကြာ​လေး လက်​ကို ဆွဲပြီး သူ့နန်း​ဆောင်​လို့သတ်​မှတ်​ထားတဲ့ အိမ်​​ရှေ့စံနန်း​ဆောင်​ကိုထွက်​ဘာလိုက်​​တော့တယ်​ ကြာ​လေးမျက်​နှာကို​ငေးရင်း တဖြည်းဖြည်းချင်း​လျှောက်​လာတဲ့အချိန်​ ကြာ​လေးက မျက်​​မှောင်​​သေး​သေး​လေးကြုတ်​သွားတာကို​တွေ့လိုက်​ရတာ​ကြောင့်​ စစ်​မင်း.ကြာ​လေးကို​သေချာကြည့်​လိုက်​​တော့ ကြာ​လေးရဲ့​ခြေ​ထောက်​​လေး​တွေတုန်​​နေတာကို​တွေ့လိုက်​ရ​တော့တယ်

ကြာပွင့်​ကြီး​ပေါ်မှာပဲ​နေပြီး ​မြေပြင်​​ပေါ် လမ်း​လျှောက်​​နေကြမဟုတ်​တဲ့ ကြာ​လေးအတွက်​ လမ်း​လျှောက်​တာများလာရင်​ နာလာတယ်​ထင်​တယ်

"အစ်​ကို"

စစ်​မင်း ကြာ​လေးကို ရုတ်​တရတ်​​ပွေ့ချီလိုက်​​တော့ ကြာ​လေးကလန့်​သွားပြီး စစ်​မင်းရဲ့ လည်​ပင်း ကို သိုင်းဖက်​လာ​ပြီး အသံတိုးတိုး​လေးထွက်​လာ​တော့တယ်

"အစ်​ကို သူများ​တွေရှိတယ်​​လေ"

စစ်​မင်းတို့​နောက်​က လိုက်​လာတဲ့ နန်းတွင်းသူ​တွေနဲ့ ကိုယ်​ရံ​တော်​​တွေကိုကြည့်​ပြီး ကြာ​လေးက ပန်း​ရောင်​ပြေး​နေတဲ့မျက်​နှာ​လေးနဲ့​ပြောလာ​တော့တယ်

M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲ့    M နိုင်​ငံရဲ့သမ္မတက လူပျိုဖြစ်​ရမယ်​တဲWhere stories live. Discover now